တအာင်းပြည်၊ တပ်မဟာ(၄)နယ်မြေ၊ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းက ဂျက်ဖိုက်တနဲ့ ပေါင်(၂၅၀)ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တဲ့ အတွက် အရပ်သားပြည်သူ (၁၂)ဦးသေဆုံးပြီးတော့ (၁၄)ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို စစ်ကောင်စီက ဒီနေ့မ နက် ၈နာရီ ၂၅ မှာ မိုးကုတ်မြိုအနောက်ပိုင်းက ဒေသခံပြည်သူများ သွားလာနေချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။
သေဆုံးသူ ၁၂ ဦးထဲမှာတော့ သံဃာတော် (၁)ပါး၊ ကလေး(၁)ဦး ပါဝင်သလို ထိခိုက်ဒဏ်ရာ ရသူ ၁၄ ဦးထဲမှာတေ့ အမျိုးသား (၁၂)ဦး နဲ့ အမျိုးသမီး (၂)ဦး ဖြစ်ကြတယ်လို့ ဆိုထားပါတယ်။ဒါ့အပြင် ပေါင် ၂၅၀ ဗုံး ၂ လုံးကျရောက်ပေါက်ကွဲတာကြောင့် နေအိမ် (၁၀)လုံး၊ ကား (၃)စီး နဲ့ ဆိုင်ကယ် (၃)စီးလည်း ပျက်စီးခဲ့ရတယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီဟာ မိုးကုတ်မြို့အတွင်းကို ပြီးခဲ့တဲ့ ဇူလိုင်တစ်လအတွင်းမှာလည်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၅)ကြိမ်ထိ ဗုံးများကြဲချတိုက်ခိုက်ခဲ့တဲ့ အက် ဒေသခံ ကလေး (၂)ဦး၊ အမျိုးသမီး (၁)ဦး နဲ့အမျိုးသား (၆)ဦး သေးဆုံးခဲ့ရပြီး ကလေး (၄)ဦး၊ အမျိုးသမီး (၁၂)ဦး နဲ့ အမျိုးသား (၂၇)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ရပြီးတော့ နေအိမ် (၃၈)လုံးဟာလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ရတယ်လို့ ဆိုထားပါတယ်။
စစ်ကောစီဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားပြီးဖြစ်တဲ့ နေရာတွေက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေကို လေကြောင်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်တာ ရှိတဲ့ အတွက် စစ်ရေးသတိအမြဲ ရှိဖို့ နဲ့ လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာကြဖို့ကိုလည်း TNLA ကတိုက်တွန်းထားပါတယ်။
ရုပ်သံ – မိုးကုတ်မြို့ ဒီနေ့မနက်ပိုင်းလေကြောင်းတိုက်ခိုက်ခံရမှု မြင်ကွင်း။




Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me? https://accounts.binance.com/es-MX/register?ref=GJY4VW8W
**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.