Home သတင်း စစ်ရေး စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရေး အတွက်ဗုံးထုတ်လုပ်မှုကို တရုတ်က ပံ့ပိုးကူညီပေးတာတွေ ရှိနေ

စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရေး အတွက်ဗုံးထုတ်လုပ်မှုကို တရုတ်က ပံ့ပိုးကူညီပေးတာတွေ ရှိနေ

171
0

စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရေးအတွက် ဗုံထုတ်လုပ်မှုတွေကို တရုတ်နိုင်ငံက ပံ့ပိုးကူညီနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) က ဇူလိုင်လ ၁၆ ရက်နေ့ ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) ရဲ့ စုံစမ်းစစ်ဆေးမှုသစ်တစ်ခုအနေ နဲ့ တရုတ်နိုင်ငံပိုင်ကုပ္ပဏီတစ်ခုဟာ မြန်မာနိုင်ငံအရှေ့အလယ်ပိုင်းမှာရှိတဲ့ လျှို့ဝှက်လက်နက်စက်ရုံတစ်ခုထဲမှာ မြန်မာစစ်တပ်အတွက် လေကြောင်း ဗုံးတွေကိုထုတ်လုပ်နိုင်ဖို့အတွက် တရုတ်က ကူညီပေးနေတာကို ဖော်ထုတ်ထားတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လေကြောင်းဗုံးထုတ်လုပ်ရေးကို တရုတ်နိုင်ငံ ရဲ့ ပံ့ပိုးကူညီမှု အစီရင်ခံစာထဲမှာ တရုတ်နိုင်ငံပိုင်လက်နက် ဏုပ္ပဏီတစ်ခုဖြစ်တဲ့ China South Industries Group Corzporation(China South) ဆီကနေပြီးတော့ ကပစ – ၂၁ မှာလေကြောင်းဗုံးများထုတ်လုပ်မှု၊ တည်ထောင်ခြင်း နဲ့ ထိန်းသိမ်းခြင်းတွေ အတွက် ဘယ်လိုအဓိကကျနေတယ်ဆိုတာကို အသေးစိတ်ဖော်ပြထားတယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီကို ရဲ့ ဗုံးထုတ်လုပ်မှု အကူအညီတွေကို အဓိက အနေ နဲ့ China South ရဲ့ အပြည့်အဝပိုင်ဆိုင်တဲ့ လက်အောက်ခံ ကုပ္ပဏီတစ်ခုဖြစ်တဲ့ Hunan Vanguardv ကနေတဆင့် ပေးအပ်နေတာဖြစ်ပြီးတော့ ဒီကပစ – ၂၁ ကိုတော့ စစ်အုပ်စုရဲ့ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး (ကပစ)က လည်ပတ်ဆောင်ရွက်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလို ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ – ၂၁)ကနေပြီးတော့ ထုတ်လုပ်နေတဲ့ လေကြောင်းဗုံးတွေကို မြန်မာ့တပ်မတော်(လေ)က အရပ်သားတွေ အပေါ်လေကြောင်းတိုက်ခိုက်တဲ့နေရာတွေမှာ အများအပြားအသုံးပြုနေပြီးတော့ ဒီတိုက်ခိုက်မှုတွေဟာ ကြီးလေးပြင်းထန်တဲ့ နိုင်ငံတကာ ရာဇဝတ်မှုကြီးတွေ အဖြစ် သတ်မှတ်ရမှာ ဖြစ်တယ်လို့ (SAC-M) က ဆိုထားပါတယ်။

ပြီးရင် လက်ရှိ ကပစ – ၂၁ မှာလေကြောင်းဗုံးတွေ ထုတ်လုပ်နိုင်ဖို့ အတွက် ကူညီပေးနေတဲ့ China south ဟာ တရုတ်ဗဟိုအစိုးရဖြစ်တဲ့ တရုတ်နိုင်ငံတော်ကောင်စီက အပြည့်အဝပိုင်ဆိုင်တာ ဖြစ်ပြီးတော့ China South အနေ နဲ့ ကပစ ဆီကို လေကြောင်းဗုံး ဒါမှမဟုတ် ဆက်စပ်ထုတ်လုပ်မှုအကူအညီတွေ ပေးအပ်နေတာတွေအတွက်ဟာ တရုတ်အစိုးရ ရဲ့ ခွင့်ပြုချက်ကိုယူဖိုလိုအပ်တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

“China South ဟာ နိုင်ငံပိုင်း ဏုပ္ပဏီဖြစ်ပြီး တရုတ်အစိုးရ၏ အာဏာစက်အောက်မှာရှိတယ်လို့ “SAC-M မှ Yanghee Lee ကပြောကြား သည်။

အဲဒါကြောင့် China South အနေ နဲ့ ကပစကို လေကြောင်းဗုံးတွေ နဲ့ နည်းပညာထုတ်လုပ်မှု အကူအညီတွေ ပေးအပ်နေတာတွေဟာ စစ်အုပ်စုနဲ့ အလိုတူအလိုပါ အရပ်သားတွေ အပေါ် ပြင်းထန်တဲ့ချိုးဖောက်မှုတွေကို ပါဝင်နေတာဖြစ်တာကြောင့် တရုတ်နိုင်ငံ အနေ နဲ့ မြန်မာစစ်တပ်ရဲ့ လက်နက်ထုတ်လုပ်မှုကို အထောက်အပံပေးနေတာတွေကို အားလုံး ရပ်တန့်ရမယ်လို့ SAC-M ကဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက်တော်လှန်ရေး လက်နက်ကိုင်တွေ ရဲ့လက်ချက်တွေကြောင့် မြန်မာစစ်တပ်(စစ်ကောင်စီတပ်)တွေဟာ စစ်ရေးမှာ အကြီးအကျယ်ရှုံးတွေ နဲ့ ရင်ဆိုခဲ့ရပြီးနောက်မှာတော့ တုန့်ပြန်တဲ့ အနေ နှင့် မြန်မာစစ်တပ်(စစ်ကောင်စီ)ရဲ့လေတပ်တွေဟာ လူနေထိုင်ရာဒေသတွေ၊လူစည်ကားရာစျေးတွေ၊စာသင်ကျောင်းတွေ၊ဝတ်ပြုကိုးကွယ်ရာနေရာတွေ၊ပြည်တွင်းနေရပ်ရွှေ့ပြောင်းခံရသူတွေ ရဲ့ ဒုက္ခသည်စခန်းတွေ နဲ့ ဆေးရုံတွေကို ပိုမိုပစ်မှတ်ထား လုပ်ဆောင်ခဲ့တာတွေ ရှိခဲ့ရပြီးတော့ ဒီလိုတိုက်ခိုက်မှုတွေကို လုပ်ဆောင်နိုင်ဖို့ အတွက် တရုတ်က လက်နက်နည်းပညာ နဲ့ ကျွမ်းကျင်သူတွေက ကူညီပေးခဲ့ကြတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

မြန်မာနိုင်ငံ ရဲ့ အလယ်ပိုင်း မကွေးတိုင်းဒေသကြီးမှာ တည်ရှိနေတဲ့ ကပစ – ၂၁ ဟာ ၂၅၀ ကီလိုဂရမ် နဲ့ ၅၀၀ ကီလိုဂရမ် အထွေထွေသုံး နဲ့ အထူးသုံး ဗုံးအမျိုးမျိုး ၊လေဟာနယ်ဗုံး(FAE) တွေ နဲ့ ပြည်တွင်းဒီဇိုင်းထုတ် ထပ်ဆင့်ပေါက်ကွဲဗုံးခေါ် ပဒေသာ ဗုံးတွေကို ထုတ်လုပ်တဲ့ နေရာတစ်ခုလည်းဖြစ်တယ်လို့ ဆိုပါတယ်။

SAC – M မှ ရရှိထားတဲ့ ဓာတ်ပုံ နဲ့ ထွက်ဆိုချက်သက်သေအထောက်အထားတွေအရ ကပစ – ၂၁ က လေကြောင်းဗုံးထုတ်လုပ်မှု နဲ့ တည်ထောင်ဖို့ အတွက်ကို Hunan Vanguardv က အဓိက အားဖြင့်ထောက်ပံ့ခဲ့တယ်ဆိုတာကို အတည်ပြု ရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

Hunan Vanguardv ရဲ့ နည်းပညာရှင်တွေ အနေ နဲ့ ၂၀၁၄ ခုနှစ်ကနေပြီတော့ ၂၀၁၉ခုနှစ်အတွင်းမှာ ကပစ – ၂၁ မှာ ဗုံးထုတ်လုပ်မှု အပိုင်းအခြားအစုံအလင်အတွက် နေရာတကျ နည်းပညာကူညီပေးတာတွေ ရှိခဲ့ပြီးတော့ ကပစ – ၂၁ က အင်ဂျင်နီယာတွေကို တရုတ်နိုင်ငံ ရှိ Hunan Vanguardv ထုတ်လုပ်ရေး စက်ရုံးတွေကို သွားရောက်ကာ ၂၀၁၅ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ နေရာတကျ ခဲယမ်းမီးကျောက်ထုတ်လုပ်မှုသင်တန်း တွေကို ပေးခဲ့တာရှိခဲ့ပြီးတော့ တဖက်မှာလည်း China South ဟာ Hunan Vanguardv ကနေတဆင့် ၂၀၁၉ ခုနှစ်မှာတော့ ကပစ – ၂၁ ဝန်ထမ်းတွေကို အဝေးကနေပြီးတော့ နည်းပညာအကူအညီတွေ ဆက်လက်ပေးတာတွေ ရှိတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို SAC -M က ရရှိထားတယ်လို့ ဆိုထားပါတယ်။

မြန်မာပြည်သူတွေဟာ တရုတ်နိုင်ငံကို စစ်မှန်တဲ့ ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်တဲ့ အင်အားတစ်ခု အနေ နဲ့ မြင်တွေ့လိုကြပေမယ့် မြန်မာပြည်သူတွေ ဒုက္ခပင်လယ်ဝေမှုတွေကို အားပေးအားမြှောက်ပြုနေသူ အဖြစ်ကိုသာ မြင်တွေ့နေရတယ်လို့လည်း SAC – M မှ Marzuki Darusman က ထောက်ပြပြောဆိုထားပါတယ်။

“မြန်မာပြည်သူများကို တရုတ်နိုင်ငံကို မျှော်ကြည့်ကြသည့် အခါတိုင်း စစ်မှန်သောငြိမ်းချမ်းရေး နဲ့ တည်ငြိမ်မှုကို အင်အားတစ်ခုအဖြစ်တွေ့မြင်လို့ ကြသည်”ဟုSAC – M မှ Marzuki Darusman ကပြောကြားသည်။”သို့သော်လက်တွေ မှာမှုသူတို့၏ ဒုက္ခပင်လယ်ဝေမှုကို အားပေးအားမြှောက်ပြုနေသူ အဖြစ်ကိုသာ မြင်တွေ့နေရသည်။ သူတို့၏ ရပ်ရွာများကို ပြာပုံဘဝရောက်စေသည့် ဗုံးများကို ကပစ ၂၁ တွင် တရုတ်၏အကူအညီဖြင့်ထုတ်လုပ်နေခြင်းဖြစ်သည်။ စစ်အုပ်စုပြုတ်ကျ၍ ပဋိပက္ခများ အဆုံးသတ်သွားသည့်တိုင် ဤရက်စက်ကြမ်းကြုတ်မှုများ ၏ အရိပ်မည်းကြီးက မြန်မာပြည်သူများ နဲ့ အတူကာလရှည်ကြာတည်ရှိနေဦးမည်သာ ဖြစ်သည်။ဤသည်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံ၌ချန်ထားခဲ့လိုသော သမိုင်းအမွေအနှစ်မျိုးပင် ဖြစ်ပါလေသလော”လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီ အနေ နဲ့ လက်နက်ထုတ်လုပ်ရေးတွေကို ပြည်ပကို အမှီအခိုကင်းမှုကိုလျှော့ချနိုင်ဖို့အတွက် ဆယ်စုနှစ်များစွာ အားထုတ်ကြိုးပမ်းပြီးတော့ ကပစ စက်ရုံး ၂၅ ရုံးပါဝင်တဲ့ ကွန်ယက်တစ်ခုကို တည် ထောင်ကာလက်နက်ထုတ်လုပ်မှုအပေါ် ပြည်ပကို မမှီခိုဘဲ အတိုင်းအတာတစ်ခုထိထုတ်လုပ်နိုင်ခဲ့ပေမယ့် လေကြောင်းဗုံးထုတ်လုပ်ရေး အတွက်အဓိကလိုအပ်တဲ့ မိုက်ခရို – အီလက်ထရောနစ်တွေကိုတော့ ပြည်ပကို လုံးဝမှီခိုနေရဆဲဖြစ်တယ်လို့ SAC – M က ဆိုထားပါတယ်။

တရုတ်နိုင်ငံ အနေ နဲ့ အနာဂတ်မြန်မာနိုင်ငံ ရဲ့ အပြသဘောဆောင်တဲ့ အခန်းကဏ္ဍမှာပါဝင်ချင်ရင် မိမိ ရဲ့ ြသဇာအာဏာကို အသုံးပြုပြီးတော့ မင်းအောင်လှိုင်ကို နောက်ထပ်ဗုံးတစ်လုံးပင် မကြဲနိုင်အောင် တားဆီးရမှာ ဖြစ်ပြီးတော့ လက်နက်၊ခဲယမ်းတွေ တွေထုတ်လုပ်ရေး အတွက် နည်းပညာ နဲ့ ထုတ်လုပ်မှုဆိုင်ရာ ကိစ္စတွေကို ချက်ချင်းရပ်ဆိုင်းရမှာ ဖြစ်တယ်လို့လည်း SAC – M ရဲ့ Chris Sidoti က တိုက်တွန်းပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here