မင်းတပ်မြို့ကို စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ အတွက် နေအိမ် နဲ့ အစိုးရ အဆောက်အဦး တချို့ ပျက်စီးသွားခဲ့တယ်လို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကသတင်းထုတ်ပြန်လာပါတယ်။



ဒီတိုက်ခိုက်မှုကို စစ်ကောင်စီက သြဂုတ်လ ( ၃ ) ရက်နေ့ မနက် ၈ နာရီ ၅၀မိနစ် ဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၂ )ကြိမ်တိတိပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဒီတိုက်ခိုက်မှုအထဲမှာ အရပ်သားပြည်သူ ထိခိုက်တာမရှိခဲ့ပေမယ့် အစိုးရအဆောက်ဦး (၂)လုံးခန့် နဲ့ ပြည်သူနေအိမ် ( ၈ )လုံးခန့်စုစုပေါင်းအဆောက်ဦး (၁၀ )လုံးခန့် ထိခိုက်ပျက်စီးတာတော့ရှိခဲ့တယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကထုတ်ပြန်ထားပါတယ်။
ပုံ၊စာ ၊မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

