စစ်တွေမှာ စစ်ကောင်စီက ဒီရက်ပိုင်း အတွင်းလက်နက်ကြီးပစ်ခတ်တာတွေကို ထပ်မံလုပ်ဆောင်လာနေတာတွေရှိနေလို့ စစ်တွေဒေသခံ တွေကပြောပါတယ်။
စစ်တွေမြို့ဟာ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ဖို့အတွက်ကျန်ရှိနေသေးတဲ့ မြို့နယ်တစ်ခုဖြစ်သလို စစ်ကောင်စီက စစ်အင်အားလက်နက်အင်အားတွေ ဆက်တိုက်ဖြည့်တင်းပြီးတော့ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ခုခံကာကွယ်နိုင်ဖို့အတွက် အဆင့်မြင့်ခံစစ်တွေလုပ်ဆောင်ထားတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ အစပိုင်းမှာတော့ စစ်တွေမြို့မှာ ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးပစ်ခတ်မှုကို ခဏရပ်နားထားခဲ့တာရှိပြီးတော့ ဒီရက်ပိုင်းမှာတော့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်တာတွေကို ပြန်လည်တွေ့နေရတယ်လို့ စစ်တွေဒေသခံ တစ်ဦးကပြောပါတယ်။
“ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာတွေကို ပြန်လုပ်လာတာကိုတွေ့ရတယ်။မနေ့က မနက်ပိုင်း ၁၀ နာရီလောက်မှာလည်း ရွှေမင်းဂံဆိပ်ကမ်း မှာရှိတဲ့ နေဗီတွေက ပါဒလိတ်ကို လက်နက် ကြီးတွေ နဲ့ ပစ်တာရှိတယ်။ဩဂုတ်လ အစပိုင်းမှာတော့ အဲဒီလို လက်နက်ကြီးပစ်တာတွေ နည်းနည်းငြိမ်နေခဲ့တယ် ဒီရက်ပိုင်းပြန်ပစ်လာတာဖြစ်တယ်”လို့ သူကပြောပါတယ်။
ဒါ့အပြင် တစ်ဖက်မှာလည်း စစ်ကောင်စီတပ်တွေဟာ စစ်တွေကို စားသောက်ကုန်ပစ္စည်းတင်တဲ့ ကုန်တင်သင်္ဘောတွေနဲ့ စစ်လက်နက်ခဲယမ်းတွေပို့ဆောင်တာတွေကိုလည်းဆက်တိုက်ရှိနေတယ်လို့ သူကဆိုပါတယ်။
စစ်တွေမြို့နယ် အတွင်းမှာ ရှိနေတဲ့အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်တွေဟာ စစ်တွေမြို့တွင်းကနေ တခြားနေရာတွေကို ထွက်ခွါခွင့်မပေးဘဲ ပိတ်လှောင်ထားတဲ့အတွက် ဒေသခံပြည်သူတွေဟာ စားဝတ်နေရေးခက်ခဲတာတွေ နဲ့ရင်ဆိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။
နောက်ထပ် စစ်တွေဒေသခံ တစ်ဦးပြောတာက“အခုက စစ်တွေက တော်တော်ဆိုးဆိုးရွားရွားဖြစ်လာတယ်။စစ်ကောင်စီတပ်တွေကလည်း ကုန်တွေကိုတွေ့ရင် ခွင့်ပြုချက်မရှိဘဲတင်သွင်းတာဆိုပြီးတော့လည်းဖမ်းတယ် သူတို့မှာပါလာတဲ့ စားသောက်ကုန်တွေကလည်း သူတို့ တပ်ဖွဲ့ဝင်တွေပဲ ရတယ်။သူတို့ဆီက စေ◌ျးကြီးကြီး နဲ့ ပြန်ရောင်းတာတွေကို ဆိုင်တွေကတဆင့်ပြန်ဝယ်ရတယ်။ဆိုင်ရှင်တွေကလည်း တဆင့်ထပ်ပြီးတော့ စေ◌ျးကြီးကြီး နဲ့ ပြန်ရောင်းတယ်။ပြည်သူတွေက တော်တော် ခက်ခက်ခဲခဲခံနေရတယ်”လို့ သူကပြောပါတယ်။
စစ်တွေဟာ ရခိုင်ပြည် ရဲ့ မြို့တော် ဖြစ်သလို အာရက္ခတပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ကျန်ရှိနေသေးတဲ့ မြို့နယ် တစ်ခုလည်း ဖြစ်ပြီးတော့ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (ဒကစ)၊ ခလရ (၂၀)၊ ခလရ (၂၇၀)၊ ခလရ (၂၃၂)၊ ခမရ (၃၄၄)၊ ခမရ (၅၃၄)၊ အမှတ် (၁၂) နဲ့ အမှတ် (၃၆) ရဲတပ်ရင်း စတဲ့ တပ်ရင်းတပ်ဖွဲ့ ၁၀ ခုထက်မနည်းရှိမြို့ တစ်ခုလည်း ဖြစ်ပါတယ်။
သတင်း – လင်းလင်း





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.
Your point of view caught my eye and was very interesting. Thanks. I have a question for you.