စစ်ကောင်စီတပ်တွေဟာ စစ်မှုထမ်းအတင်းခေါ်ယူစုဆောင်းပြီးတော့ ရှေ့တန်းစစ်မျက်နှာတွေကို တိုက်ပွဲဝင်ဖို့ ပို့ဆောင်တဲ့ တပ်သားတွေကို တိုက်ပွဲအတွင်း ပြန်ဆုတ်လာရင် ပစ်သတ်တဲ့ နည်းဗျူးဟာ အသုံးပြုပြီးတော့ အတင်း စစ်တိုက်ခိုင်းနေတာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော်ဆီမှာ လက်နက်ချ အလင်းဝင်လာခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးက ထွက်ဆိုထားပါတယ်။
စစ်ကောင်စီတပ်ထဲက နေ အာရက္ခတပ်တော်ဆီမှာ အလင်းဝင်လာတဲ့ တပ်သား နေသူရမျိုး ပြောဆိုထားတာက “တိုက်ပွဲဖြစ်တိုင်းကတော့ တပ်မမှူးတပည့် နဲ့ တပ်မမှူးက ခြံစည်းရိုးအဝမှာအမြဲစောင့်နေတယ် ဘယ်ကောင်ဆုတ်လာမလဲ ဆုတ်လာမယ့် အကောင်ကို ပစ်သတ်မယ် အဲဒီလိုတွေ ပြောတယ်။ကျနော့်မျက်မြင်ကိုယ်တွေ့ ၇၉ နဲ့ ၄၂၀ က ( ပဆ )နှစ်ယောက် တပ်ဆုတ်လာတာကို တပ်မှူးတပည့် ပစ်လိုက်တယ် ခေါင်းတွေကိုထိ ပြီးတော့ သေသွားတယ်။နောက်လူတွေကိုလည်း ဖမ်းပြီးတော့ ကြိုတုတ်တယ် မိုးပြင်မှာထားတယ်၊ ရေ နဲ့ အစာလည်းမပေးဘူး။သူတို့မူးလာရင်လည်း ထိုးတယ်၊ကြိတ်တယ်၊ရိုက်တယ် အဲလိုတွေ တွေ့ရတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ထွက်ပြေးဖို့လုပ်ဆောင်တဲ့သူတွေကိုလည်း စစ်ကောင်စီက အာရက္ခတပ်တော် ရဲ့ ပစ်ကွင်း နေရာတွေမှာ ကြိုးနဲ့ ချည်နှောင်ထားတာ၊အမိုးအကာမပေးတာ၊သောက်ရေမပေးတာ နဲ့ အစားအစာတွေ မပေးတာတွေကိုလည်း လုပ်ဆောင်တာရှိသလို အရာရှိတချို့ ရဲ့ အရက်မူးရိုက်နှက်တာတွေကိုလည်း ခံရတယ်လို့ ဆိုပါတယ်။
လက်ရှိ အာရက္ခတပ်တော်ဆီမှာ လက်နက်ချ အလင်းဝင်လာသူ စစ်ကောင်စီတပ်သား နေသူရမျိုးဟာ တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၅ တပ်ရင်းက ဖြစ်ပြီးတော့ ၂၀၂၅ မေလအတွင်မှာဘဲ ပဒါန်းအမြောက် တပ် ၄၀၉ ကို ရောက်ရှိလာခဲ့သူ တစ်ဦးဖြစ်ပြီးတော့ အဲဒီကနေ တဆင့် နတ်ရေကန်တပ်စခန်း ကို ပို့ဆောင်ခဲ့ရသူတစ်ဦးလည်း ဖြစ်ပါတယ်။
သူ့အနေ နဲ့လည်း စစ်ကောင်စီတပ်တွေထဲကနေပြီးတော့ ထွက်ပြေးနိုင်ဖို့ အတွက် ၂ ကြိမ်းတိုင်တိုင် ကြိုးစားခဲ့ရာမှာ ဖမ်းဆီးခံခဲ့ရတဲ့အတွက် ရိုက်နှက်ခံရတာ၊အစားအသောက်မပေးတာ၊မိုးပြင်မှာထားတာတွေကို ခံခဲ့ရတာ ရှိပြီးတော့ သူလိုပဲ ညှင်းပန်းနှိပ်စက်ခံရတဲ့ စစ်ကောင်စီတပ်သား ၆၀ ဦးထက်မနည်း ရှိခဲ့ရတယ်လို့လည်း သူကပြောပြပါတယ်။
အဲဒီလို တပ်သားတွေကို စစ်ကောင်စီတပ်တွေက ထွက်ပြေးလာသူ နဲ့ တိုက်ပွဲအတွင်း တပ်ဆုတ်လာတဲ့ သူတွေကို ပစ်သတ်တာ၊ညှင်းပန်းနှိပ်စက်တာတွေကြောင့် တပ်ဖွဲ့ဝင်တွေ အနေ နဲ့ ကိုယ့်ကိုကိုယ်သေကြောင်း ကြံစဉ်တာတွေအထိလည်း ရှိနေတယ်လို့ နေသူရမျိုး ကဆိုပါတယ်။
“ထွက်ပြေးတဲ့သူတွေကို နှိပ်စက်နေတာတွေကို မြင်ရတော့ ထွက်ပြေးချင်တဲ့ သူတွေကလည်းကြောက်နေရတဲ့ အနေအထားမှာ ရှိနေတယ်။အဲဒါကြောင့် စစ်မတိုက်ရရင်ပြီးရောဆိုပြီးတော့ ကိုယ့်သေနတ်နဲ့ ကို လက်တွေ ၊ခြေထောက်တွေကိုပြန်ပစ်တယ် တချို့ဆိုရင် လက်ပစ်ဗုံးတွေ နဲ့ ကိုယ့်ကိုကိုယ်ဒဏ်ရာရအောင် ခွဲတဲ့လူတွေလည်းရှိတယ်။ကျနော်ရှေ့မှာတောင် အဲဒီလို လုပ်တဲ့ရဲဘော် ၇ ဦးထက်မနည်းရှိတယ်ဗျ”လို့ သူကဆိုထားပါတယ်။
အဲဒီလို ကိုယ့်ကိုကိုယ်ဒဏ်ရာ ရအောင်လုပ်ဆောင်တဲ့ သူတွေကိုလည်း စစ်ကောင်စီ အရာရှိတွေက ဖမ်းဆီးကာ ပြစ်ဒဏ်ပေးတာတွေကို ဆေးကုသပေးတာ၊အစားအစာကျွေးတာလုပ်ဆောင်ပေးတာတွေလည်း မရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ကျန်းမာရေးပြန်ကောင်းလာတဲ့ သူတွေကိုလည်း ရှေ့တန်းပို့တာ၊တရားစွဲဆိုတာတွေကိုလည်း လုပ်ဆောင်ဦးမှာ ဖြစ်တယ်ဆိုပြီးတော့ ခြိမ်းခြောက်ပြောဆိုတာတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်းမှာ အကြီးအကဲအပိုင်းကထိခိုက် ကျဆုံးတာတွေရှိရင်လည်း လက်အောက်တပ်သားငယ်သားတွေကို ရိုက်နှက်တာတွေကိုလည်း လုပ်ဆောင်တယ်လို့ သူက ပြောဆိုထားပါတယ်။