Home သတင်း စစ်ရေး တိုင်းပြည်အနာဂတ်ဟာ အာရက္ခတပ်တော် ခေါင်းဆောင်တွေရဲ့ ပခုံးပေါ်မှာ ရှိနေတယ်လို့ NUG ဝန်ကြီးပြော

တိုင်းပြည်အနာဂတ်ဟာ အာရက္ခတပ်တော် ခေါင်းဆောင်တွေရဲ့ ပခုံးပေါ်မှာ ရှိနေတယ်လို့ NUG ဝန်ကြီးပြော

88
0

တိုင်းပြည်ရဲ့ အနာဂတ်ဟာ အာရက္ခတပ်တော် က ဗိုလ်ချုပ်တွေ ခေါင်းဆောင်တွေ ရဲ့ ပခုံးပေါ်ရောက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ရေးသားကာပြောဆိုလာခဲ့ပါတယ်။

ဒီပြောဆိုချက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကန်ဒေါ်လာလေးသောင်း နဲ့ လေလံတင်ရောင်းချခဲ့ရတဲ့ အာရက္ခတပ်တော် ဒုစစ်ဦးချုပ်ရေးသားထားတဲ့ “သူပုန်ဖြူ ကဗျာစာအုပ်” ရောင်းချခဲ့ရမှု နဲ့ ပတ်သက်ပြီးတော့ ဆက်စပ်ပြောဆိုလာခဲ့တာလည်း ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး ရေးသားပြောဆိုထားတာက “ကျေးဇူးတင် ဝမ်းသာ ကြည်နူးရပါတယ် ​ဒေါက်တာညို​ရေ။ Congratulations ပါ သူပုန်ဖြူ။ ကျွန်​တော်တို့ ပြည်တွင်း ပြည်ပ ပြည်သူ​တွေအားလုံး၊ တော်လှန်​ရေး အင်အားစု​​တွေ အားလုံး၊ ချစ်ခင်ရပါ​သော၊ ​လေးစားရပါ​သော၊ အားကိုးရပါ​သော၊ သူပုန်ဖြူ။ တိုင်းပြည်ရဲ့အနာဂတ်ဟာ၊ ဗိုလ်ချုပ်တို့၊​ ခေါင်းဆောင်တို့၊ ပခုံး​ပေါ်မှာ​ ရောက်​နေပါပြီ” လို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အာရက္ခတပ်တော် ရဲ့ ဒုစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင် ရေးသားထားတဲ့ “သူပုန်ဖြူ ကဗျာစာအုပ်” ကို အမြင့်ဆုံး စေ◌ျး ကန်ဒေါ်လာ လေးသောင်း နဲ့ လေ့လံတင်ရောင်းချနိုင်ခဲ့ပြီးတော့ တော်လှန်ရေးကာလ မှာ စေ◌ျးအမြင့်ဆုံး နဲ့ ရောင်းချခဲ့ရတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်လာခဲ့ပါတယ်။

အာရက္ခတပ်တော် ရဲ့ ဒုစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင် ကလည်း ဒီစာအုပ်ရောင်းချလို့ ရတဲ့ အမြတ် ၃၅ ရာခိုင်နူန်းကို အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထဲက ရဲဘော်တွေကို ကူညီထောက်ပံ့ပေးတာတွေကိုလုပ်သွားမယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာတော့ ဒီ သူပုန်ဖြူကဗျာစာအုပ်ကို ရခိုင်၊ မြန်မာနှစ်ဘာသာနဲ့ ရေးသားဖော်ပြထားတယ်လို့ဆိုထားပါတယ်။ဒါ့အပြင် ဒီစာအုပ်မှာ ရေးသားထားတဲ့ ကဗျာတွေဟာ “သူပုန်ဖြူ အနေ နဲ့ တော်လှန်ရေး ကာလအတွင်း ဖြတ်သန်းခဲ့ရတဲ့ စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေးအကြောင်းအရာတွေ ရေးသားထားတာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

လက်ရှိမှာတော့ “သူပုန်ဖြူ ကဗျာစာအုပ်”ကို အုပ်ရေ တစ်သောင်းခွဲ အထိထုတ်ဝေကာ ရောင်းချထားပြီးတော့ ဒီစာအုပ်ကို မရကြသေးတဲ့ မိတ်ဆွေတွေအနေနဲ့လည်း ဝယ်ယူအားပေးဖို့ကို သူပုန်ဖြူ Team က တိုက်တွန်းပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here