Home နိုင်ငံရေး စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင်ဆွေ ကွယ်လွန်

စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင်ဆွေ ကွယ်လွန်

147
1

စစ်ကောင်စီခန့် ယာယီသမ္မတဖြစ်တဲ့ ဦးမြင့်ဆွေဟာ ဒီနေ့ မနက် ၈ နာရီ ၂၈ မိနစ်မှာ ကွယ်လွန်သွားပြီးဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

ယာယီသမ္မတဖြစ်တဲ့ ဦးဖြစ် တဲ့ ဦးမြင့်ဆွေဟာ စစ်ကောင်စီအာဏာသိမ်း နိုင်ဖို့ အတွက် ကို ကူညီပေးခဲ့သူ တစ်ဦးဖြစ်ပြီးတော့ အာဏာသိမ်းပြီးနောက်ပိုင်း မှာတော့ သူဟာ စစ်ကောင်စီက ခန့်အပ်လိုက်တဲ့ နာမည်ခံ သမ္မတ ဖြစ်လာသူလည်း ဖြစ်ပါတယ်။

ဦးမြင့်ဆွေဟာ သမ္မတရာထူးရပြီးနောက်မှာတော့ အာရုံကြောနှေးကွေးတုန့်ဆိုင်းတဲ့ဂေါရာ ကိုခံစားခဲ့ရပြီးတော့ အဲဒီနောက်မှာ သူဟာ စင်္ကပူနိုင်ငံရှိ မောင့်အဲလိဇဘတ် ဆေးရုံအထိဆေးကုသဖို့ သွားရောက်ခဲ့ပေမယ့် အဲဒီရောဂါဟာ သက်သာလာတာမရှိခဲ့ပါဘူး။

အဲဒီနောက် ဒီနေ့မနက်မှာတော့ ယာယီသမ္မတ ဦးမြင့်ဆွေဟာ အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှာ ဆေးကုသခံရင်းကနေ ကွယ်လွန်သွား ခဲ့ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။

သူရဲ့ စျာပန အခမ်းအနားကိုလည်း နိုင်ငံတော် စျာပန အခမ်းအနား အဖြစ် နဲ့ ကျင်းပသွားမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ သူခန့်အပ်ထားခဲ့တဲ့ ယာယီသမ္မတ ဦးမြင့်ဆွေကို ပြီးခဲ့တဲ့ နှစ်မှာဘဲ ကျန်းမာရေးအခြေအနေကြောင့်ဆိုပြီးတော့ ယာယီသမ္မနေရာကနေ ဦးမြင့်ဆွေကို အနားပေးထားခဲ့ပြီးတော့ အဲဒီ ယာယီသမ္မတနေရာကို သူ့ကိုသူ ပြန်လည်လွဲပြောင်းပေးအပ်ထားခဲ့ပါတယ်။

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here