Home နိုင်ငံရေး NLD ပါတီ ဗဟိုလူငယ်တာဝန်ခံတစ်ဦး ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဦးညီပု သမီးကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးတရားစွဲ

NLD ပါတီ ဗဟိုလူငယ်တာဝန်ခံတစ်ဦး ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ဦးညီပု သမီးကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးတရားစွဲ

124
0
ပုံ - Online

NLD ပါတီ ရဲ့ ဗဟိုလူငယ်တာဝန်ခံတစ်ဦး ဖြစ်တဲ့ ရခိုင် ဝန်ကြီးချုပ်ဟောင်း ဦးညီပု သမီးဖြစ်တဲ့ မမိုးဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့မှာ ချုပ်ရက်စေ့လို့ သာယာဝတီထောင်ကနေပြန်လွတ်ပေးခဲ့ပြီးတော့ ထောင်ဗူးဝမှာဘဲ စစ်ကောင်စီရဲ့ ပြန်လည်ဖမ်းဆီးတာကို ခံလိုက်ရ တယ်လို့ NLD ပါတီအသိုင်း အဝိုင်းက အတည်ပြုပြောပါတယ်။

မမိုးဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မေလ ၈ ရက်နေ့မှာ ရန်ကုန်မြို့က NLDပါတီ ရုံးချုပ်မှာ စစ်ကောင်စီတပ်တွေ ရဲ့ ဖမ်းဆီးခဲ့တာကို ခံခဲ့ရပြီးတော့ နိုင်ငံတော်အကြည် ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုခံခဲ့ရတဲ့ အတွက် ထောင်ဒဏ် ၆ နှစ်ကျခံခဲ့ရသူလည်း ဖြစ်ပါတယ်။

အဲဒီနောက် သူဟာ ဩဂုတ်လ ၇ ရက်နေ့မှာ ချုပ်ရက်စေ့လို့ သာယာဝတီထောင်ကနေပြန်လွတ်လာခဲ့ ပြီးတော့ ထောင် ဗူးဝမှာဘဲ စစ်ကောင်စီရဲ့ ဖမ်းဆီးတာကို ထပ်မံခံခဲ့ရတာပါ။

အဲဒီနောက်မှာတော့ သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) နဲ့ စစ်ကောင်စီ ပြန်လည်တရားစွဲဆိုထားတယ်လို့ NLD ပါတီအသိုင်းအဝိုင်းက ပြောပါတယ်။

“ထောင်အပြင်ကိုမရောက်လိုက်ဘူး ထောင်းဗူးဝမှာ ထပ်ဖမ်းခံရတာ ဖြစ်တယ်။အခုက ၅၂ (က) နဲ့ ဖမ်းပြီးတော့ ထပ်တရားစွဲထားတယ်။တွေခွင့်၊စကားပြောခွင့် ဆက်သွယ်ခွင့်လည်းမရဘူး။သူက ကျန်းမာရေးလည်း သိပ်မကောင်းဘူးဖြစ်နေတယ်။အခု သူ့ကို သာယာဝတီထောင်ထဲမှာ ထားတယ်လို့ပဲသိထားရတယ် “လို့ NLD ပါတီအသိုင်းအဝိုင်းက အမည်မဖော်လို သူတစ်ဦးကပြောပါတယ်။

မမိုးဆန်းစုကြည်ကို ဖမ်းဆီးပြီးတော့ ထပ်မံ တရားစွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)ဟာ ထောင်ဒဏ် ၃ နှစ်ကနေပြီးတော့ ထောင်ဒဏ် ၇ နှစ်အထိ ထပ်မံချမှတ်နိုင်တဲ့အမှုတစ်ခုလည်း ဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီအနေ နဲ့ မမိုးဆန်းစုကြည်ကို ပြန်လည်ဖမ်းဆီးပြီး တရား စွဲဆိုတာဟာ NLD ပါတီရဲ့ ဗဟိုလူငယ်တာဝန်ခံတစ်ဦး ဖြစ်တဲ့အတွက် စစ်ကောင်စီက တမင်ရည်ရွယ်ချက် နဲ့ ထပ်မံဖမ်းဆီးပြီးတော့တရားစွဲဆိုတာဖြစ်တယ်လို့ လည်း စစ်ကောင်စီရဲ့ ဖမ်းဆီးမှု ကြားကထွက်ပြေးလွတ်မြောက်လာတဲ့ NLD ပါတီဝင်တစ်ဦးက မှတ်ချက်ပြု ပြောဆိုထားပါတယ်။

“အဓိကတော့ NLD ပါတီက ခေါင်းဆောင်တစ်ဦးဖြစ်နေလို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ကို ဖမ်းဆီးထောင်ချတာလို့ပဲ ကျနော်ပြောချင်တယ်။အကုန်လုံးလည်း ဒီလိုဖြစ်လာမယ်ဆိုတာကို သိပြီးသားဖြစ်တယ်”လို့ သူကပြောပါတယ်။

မမိုးဆန်းစုကြည်ရဲ့ ဖခင်ဖြစ်တဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကိုလည်း စစ်ကောင်စီက အာဏာသိမ်းပြီးနောက်မှာ ဖမ်းဆီးခဲ့ပြီးတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ- ၅၅၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းဆီးတရားစွဲဆိုထားပြီးတော့ စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်အထိ ချမှတ်တာကို ခံထားရသလို ဆေးဝါးကုသခွင့်တွေကိုလည်း မပေးဘဲ ပိတ်ပင်ခံထားရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here