Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု စစ်ကောင်စီက ကျောက်ဖြူ နဲ့ ရသေ့တောင်ကို လေကြောင်းတိုက်ခိုက်လို့ အပျက်အစီးရှိ

စစ်ကောင်စီက ကျောက်ဖြူ နဲ့ ရသေ့တောင်ကို လေကြောင်းတိုက်ခိုက်လို့ အပျက်အစီးရှိ

193
2

ရခိုင်ပြည် အတွင်းက ကျောက်ဖြူ နဲ့ ရသေ့တောင်မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ လုပ်ဆောင်ခဲ့တဲ့ အတွက် အပျက်အစီးတချို့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကျောက်ဖြူ မြို့နယ် နဲ့ ရသေ့တောင် မြို့နယ်တွေကို ဩဂုတ်လ ၈ ရက်နေ့ ည ၁၁ နာရီ နဲ့ ဩဂုတ်လ ၉ ရက်နေ့ မနက် ၂ နာရီဝန်းကျင်တွေမှာ တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ် အတွင်းမှာတော့ စစ်ကောင်စီက မင်းပြင်ကျေးရွာကို လေကြောင်းကနေတဆင့် ၂ကြိမ်တိုင်တိုင်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့်ကျေးရွာအတွင်းက စာသင်ကျောင်း နဲ့ ဘုန်းကြီးကျောင်း ဓမ္မရုံးတွေ ပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ပုံ – စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကျောက်ဖြူမြို့ ၊မင်းပြင်ကျေးရွာ စာသင်ကျောင်းပျက်စီးမှု မြင်ကွင်း။APM
ပုံ – စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကျောက်ဖြူမြို့ ၊မင်းပြင်ကျေးရွာ စာသင်ကျောင်းပျက်စီးမှု မြင်ကွင်း။APM
ပုံ – စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့တဲ့ ကျောက်ဖြူမြို့ ၊မင်းပြင်ကျေးရွာ စာသင်ကျောင်းပျက်စီးမှု မြင်ကွင်း။APM

ကျောက်ဖြူမြို့ နယ် အတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ ဒီရက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲ ပြန်လည်ဖြစ်ပွါးနေတာ ရှိပြီးတော့ အခုလို လေကြောင်းတိုက်ခိုက်တာ၊ဒရုန်းဗုံးကြဲတိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတာရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီလိုပဲ ရသေ့တောင်မြို့နယ်အတွင်းက ထွန်းရဝေကျေးရွာဟောင်းကိုလည်း စစ်ကောင်စီက ဩဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်လုပ်ဆောင်ခဲ့တာရှိခဲ့ပြီးတော့ ဒီတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံး တာ နဲ့ ပျက်စီးတာတွေ တော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီဟာ လက်ရှိဗုံးကြဲသွားခဲ့တဲ့ ထွန်းရဝေကျေးရွာကို မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်တာကို လုပ်ဆောင်အတွက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာလည်း များစွာ ရှိခဲ့ရပါတယ်။

2 COMMENTS

  1. Если вы планируете отдых на озере Шира, стоит присмотреться на базы отдыха, которые обеспечивают комфортное проживание и всевозможные услуги. Например, база отдыха Шира с бассейном или дома на Шира Жемчужный прекрасно подойдут для семейного формата отдыха. Кроме того, есть опции с уютными домиками, где можно снять жилье по умеренной цене, что особенно существенно для тех, кто ищет недорогой и вместе с тем удачный отдых.

    Для фанатов природы и спокойствия будет познавательно посетить такие места, как сад камней Шира или пройти по берегам озера. Если хотите разузнать больше о базах отдыха на Шира, их географии и условиях, рекомендую заглянуть на сайт шира отдых . Там можно ознакомиться про разные базы отдыха, в том числе такие, как Три звезды Шира или Бегущая по волнам Шира, и оформить свой отдых максимально выгодно.

LEAVE A REPLY

Please enter your comment!
Please enter your name here