Home နိုင်ငံရေး အာရက္ခတပ်တော်ထိန်းချုပ်နေရာ က ပြည်သူတွေ ဥပဒေကို လေ့စားလိုက်နာတတ်အောင် ဘယ်ဥပဒေတွေကို ဟောပြောနေတာလဲ

အာရက္ခတပ်တော်ထိန်းချုပ်နေရာ က ပြည်သူတွေ ဥပဒေကို လေ့စားလိုက်နာတတ်အောင် ဘယ်ဥပဒေတွေကို ဟောပြောနေတာလဲ

94
0

အာရက္ခတပ်တော်ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ ဒေသခံပြည်သူတွေ ဥပဒေကို လေ့စားလိုက်နာတတ်အောင် အတွက် တရားရေး ဌာန ရဲ့ ဥပဒေ အ ထောက် အကူပြုဌာနခွဲ နဲ့နိုင်ငံရေးအုပ်ချုပ်ရေး ဌာနတွေက ပူးပေါင်းပြီးတော့ ဥပဒေအထောက်အကူပြုသင်တန်းတွေ ဥပဒေရေးရာ ဟောပြောပွဲတွေကို လုပ်ဆောင်ပေးနေတယ်လို့ အာရက္ခတပ်တော် ပြောခွင့် ရ ဦးခိုင်သုခက ပြောပါတယ်။

“ဒေသန္တရ အုပ်ချုပ်ရေး အဆင့်ဆင်က ပြည်သူတွေကို အသိပေးရမယ့် ကိစ္စတွေကို ကျနော်တို့ဆောင်ရွက်လို့ရှိပါတယ်။ဥပဒေကို ပြည်သူတွေ အနေ နဲ့ လေ့စားလိုက်နာအောင်လည်း ဆောင်ရွက်နေပါတယ်။အဲဒီလို့ လုပ်ဆောင်ပေးရမယ့် မူဝါဒအတိုင်းတရားရေး ဌာန၏ ဥပဒေအထောက်အကူပြုဌာနခွဲ နှင့် နိုင်ငံရေးအုပ်ချုပ်ရေး ဌာနတွေက ပူးပေါင်းပြီးတော့ ဥပဒေအထောက်အကူပြုသင်တန်းတွေ ဥပဒေရေးရာ ဟောပြောပွဲတွေကို ကျနော်တို့ ဆက်လက်ပြီးတော့ လုပ်ဆောင်ပေးလို့ ရှိနေပါတယ်”လို့ သူကပြောပါတယ်။

ဒါပေမယ့် လက်ရှိအာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဘယ် ဥပဒေတွေကို ကျင့်သုံးပြီးတော့ ပြည်သူတွေ ကို ဘယ်ဥပဒေတွေကို အသိ ပညာပေးနေတယ်ဆိုတာကို ဦးခိုင်သုခ အနေ နဲ့ တိတိကျကျ ရှင်းလင်းပြောကြားသွားတာတော့ မရှိပါဘူး၊

မြေပြင်သတင်းတွေ အရတော့ လက်ရှိ အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ နေရာတွေမှာ စစ်တပ်တွေ အကြိုက်ရေးဆွေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေကို ကျင့်သုံးကာ ပြည်သူတွေကို တရားစွဲဆိုတာတွေ ရှိနေတယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here