Home နိုင်ငံရေး ဝန်ထမ်းတချို့ ဥပဒေချိုးဖောက်မှုရှိတာကို အရေးယူဆောင်ရွက်နေတယ်လို့ အေအေ ပြောခွင့်ရပြောဆို

ဝန်ထမ်းတချို့ ဥပဒေချိုးဖောက်မှုရှိတာကို အရေးယူဆောင်ရွက်နေတယ်လို့ အေအေ ပြောခွင့်ရပြောဆို

116
0

အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရဆီမှာ တာဝန်ထမ်းဆောင်နေပြီးတော့ ဥပဒေချိုးဖောက်မှုတွေရှိနေတဲ့ ဝန်ထမ်းတချို့ကို အရေးယူဆောင်ရွက်တာတွေ ရှိနေတယ်လို့ အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခ ကပြောပါတယ်။

အဲဒီလို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရဆီမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေထဲမှာလည်း အရည်အချင်းမရှိတဲ့ သူတွေရဲ့ တချို့ကြောင့် တခါတခါ မှာတော့ မမှန်မကန်မှုတွေ ရှိတယ်လို့ ဦးခိုင်သုခက ဝန်ခံထားပါတယ်။

“ကျနော်တို့ အစိုးရထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ သူတွေဟာ မှန်မှန်ကန်ကန် နဲ့ တာဝန်ထမ်းဆောင်တာတွေ ရှိနေပါတယ်။လူအနည်းစုတွေရဲ့ အရည်အချင်းမရှိတဲ့ သူတွေတချို့ကြောင့် တခါတခါ မမှန်မကန်မှုတွေရှိလာတာတွေကို တွေ့ရပါတယ် အဲဒါတွေကိုလည်း ကျနော်တို့က စနစ်တကျအရေးယူဆောင်ရွက်တာတွေ ရှိနေပါတယ်။ကျနော်တို့ အနေ နဲ့ လစ်လျှူရှုထားတာတွေတော့ မရှိပါ ကျနော်တို့ ဒီကိစ္စတွေကို သိရင်သိတဲ့ချက်ခြင်း တည့်မတ်အရေးယူဆောင်ရွက်တာတွေ လုပ်နေပါတယ်”လို့ ဆိုထားပါတယ်။

ဒါပေမယ့် လူတချို့ပြောဆိုနေတဲ့ အတိုင်းအတာထိဖြစ်ပွါးနေတာလည်း မ ဟုတ်ဘူးလို့လည်း ဦးခိုင်သုခ ကလည်းငြင်းဆိုထားပါတယ်။

တဖက်မှာလည်း အာရက္ခတပ်တော်ထိန်းချုပ်နေရာတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက တာဝန်ယူမှု တာဝန်ခံမှု အပြည့် နဲ့ လုပ်ဆောင်ပေးနေတာတွေ ရှိနေပြီးတော့ ဝန်ထမ်းတချို့ ရဲ့ ဥပဒေချိုးဖောက်မှုတွေ နည်းအောင်အတွက်ကိုလည်း ဆောင်ရွက်တာတွေ ရှိနေတယ်လို့ ဦးခိုင်သုခ က ပြောဆိုထားပါတယ်။

“ကျနော်တို့ အစိုးရ အနေ နဲ့လည်း တာဝန်ယူမှုတာဝန်ခံမှုအပြည့် နဲ့ လုပ်ဆောင်ပေးနေတာတွေ ရှိနေပါတယ်။စနစ်ပိုင်းဆိုင်ရာ တည်ဆောက်မှုတွေဟာလည်း အရင်ကထက်ကောင်းလာတယ်လို့ ပြောလို့ ရပါတယ်။ခြူုပြောရရင်တော့ ဝန်ထမ်းတချို့၏ ဥပဒေချိုးဖောက်မှုတွေ နည်းနည်းရှိနေတာကို အခုထက်ကောင်းတဲ့ အုပ်ချုပ်ရေး စနစ် တရားရေးစနစ်တွေ ကြိုးပမ်းလုပ်ဆောင်နေတယ်ဆိုတာကို ကျနော်ပြောချင်ပါတယ်”လို့ ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here