အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့ ရခိုင်က မြို့နယ် ၃ ခုမှာ စစ်ကောင်စီရဲ့ လေကြောင်း၊ရေကြောင်း နဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြားက အုပ်ချုပ်ရေး၊တရားစီရင်ရေး နဲ့ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတွေကို ပေးနေပြီးလို့ အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခက ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်က မာန်အေင်၊စစ်တွေ၊ကျောက်ဖြူမြို့ နယ် ၃ ခုကို စစ်ကောင်စီလက်ထဲက နေ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ အတွက် ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။
အဲဒီကျန်ရှိတဲ့ မြို့နယ် ၃ ခုထဲမှာလည်း စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်တွေလောက်ကိုသာ ထိန်းချုပ်ထားနိုင်တဲ့ အနေအထားရှိနေပြီးဖြစ်တဲ့ အာရက္ခတပ်တော်က စစ်ကောင်စီရဲ့ လေကြောင်း၊ရေကြောင်း နဲ့ လက်န က်ကြီးပစ်ခတ်တိုက်ခိုက်မှုကြားက အုပ်ချုပ်ရေး၊တရားစီရင်ရေး နဲ့ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတွေကိုလုပ်ဆောင်ပေးနေပြီးဖြစ်တယ်လို့ ဆို ဦးခိုင်သုခက ဆိုပါတယ်။
တဖက်မှာလည်း အာရက္ခတပ်တော်ကို စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ ငါးမရတွင်းဖျက်ဆိုသလို သူတို့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြို့နယ် ၃ ခုထဲက မြို့ပေါ်ရပ်ကွက်နေပြည်သူတွေကို ဖမ်းဆီးနှိပ်စက်
သတ်ဖြတ်တာတွေ ရှိနေတယ် ဦးခိုင်သုခက ဆိုထားပါတယ်။
ဒါ့အပြင်တစ်ဖက်မှာလည်း စစ်ကောင်စီဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကိုလည်း လေကြောင်းတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာတွေ ရှိနေတယ်လို့ ဆိုထားပါတယ်။
အပြည့်အစုံကို ရုပ်သံတွင် ဆက်လက်နားဆင်နိုင်ပါသည်။




**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.