Home သတင်း စစ်ရေး နယ်စပ်က စခန်း ၂ ခုကိုတိုက်ခိုက်ခဲ့တဲ့အတွက် အာရက္ခတပ်တော် ရဲ့ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁၀ကျော်ဒဏ်ရာရခဲ့တယ်လို့ ARSA ထုတ်ပြန်

နယ်စပ်က စခန်း ၂ ခုကိုတိုက်ခိုက်ခဲ့တဲ့အတွက် အာရက္ခတပ်တော် ရဲ့ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁၀ကျော်ဒဏ်ရာရခဲ့တယ်လို့ ARSA ထုတ်ပြန်

308
0
ပုံ - ARSA

ဘင်္ဂလားဒေ့ရှ် နဲ့ ရခိုင်နယ်စပ် တောင်ပြိုမှာ ရှိတဲ့ အာရက္ခတပ်တော် ရဲ့ တပ်စခန်း ၂ ခုကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ ည ၁၁ နာရီ မှာ အကြမ်းဖက်လက်နက်ကိုင် ARSA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အကြမ်းဖက်လက်နက်ကိုင် ARSA အဖွဲ့က ပုံတွေ နဲ့ တကွ သတင်းထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်လက်နက်ကိုင် ARSA အဖွဲ့တွေ ရဲ့ ထုတ်ပြန်ချက်အရ “တိုက်ပွဲဟာ ည ၁၁ နာရီမှာ စတင်ဖြစ်ပွါးခဲ့ပြီးတော့ ည ၁၁ နာရီ ၅၀ မိနစ်မှာ နှစ်တိုက်ပွဲ ဖြစ်ပွားတာပြီးဆုံးခဲ့ပြီးတော့ အာရက္ခတပ်တော် ရဲ့ တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ရပြီး ၁၂ ဦးကျော်ဒဏ်ရာရတာရှိခဲ့သလို စခန်းကိုစွန့်ခွါထွက်ပြေးသွားတဲ့သူတွေလည်းရှိတယ်”လို့ အကြမ်းဖက်လက်နက်ကိုင် ARSA အဖွဲ့က ဓာတ်ပုံတွေ နဲ့ တကွ ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက် နဲ့ ပတ်သက်ပြီးတော့ ပုံမှာပါရှိတဲ့ သေဆုံးနေသူ ၅ ဦးဟာ အာရက္ခတပ်တော် ရဲ့ တပ်ဖွဲ့ဝင်တွေ ဟုတ်မဟုတ်ဆိုတာကိုတော့ CNA အနေ နဲ့ သီးခြားအတည်မပြုနိုင်သလို အာရက္ခတပ်တော်ပြောခွင့်ရ ဦးခိုင်သုခကိုလည်း အကြမ်းဖက်လက်နက်ကိုင် ARSA အဖွဲ့ရဲ့ ထုတ်ပြန်ချက် နဲ့ ပတ်သက်ပြီး အတည်ပြုနိုင်ဖို့ ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။

မြေပြင်သတင်းတွေ အရတော့ ဘင်္ဂလားဒေ့ရှ် နဲ့ ရခိုင်နယ်စပ် တောင်ပြိုအနီးမှာ အာရက္ခတပ်တော် နဲ့ အကြမ်းဖက်လက်နက်ကိုင် ARSA အဖွဲ့တွေဟာ ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲဖြစ်ပွါးတာတွေတော့ ရှိတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းဌာန တစ်ခုဖြစ်တဲ့ Dhaka Tribune သတင်းဌာနကလည်း ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ နယ်စပ်တဘက်ကမ်းရဲ့ မီတာ ၃၀၀ ခန့်အကွာ ရခိုင်ဘက်အခြမ်းမှာ ပစ်ခတ်သံတွေ ကြားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီ ဩဂုတ်လ ၁၀ ရက်နေ့ ည ပစ်ခတ်မှု အပြီး ဩဂုတ်လ ၁၁ ရက်နေ့မှာတော့ လက်နက်ခဲယမ်း အပြည့်အစုံ နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ဆီမှာ အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Jibon Tonchongya ဟာ လက်နက်ချ အလင်းဝင်လာခဲ့တာရှိခဲ့တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ သတင်းဌာန တွေမှာ ရေးသားထားပါတယ်။ ဒါ့အပြင် သူ နဲ့ အတူ မောင်တောမြို့နယ်အတွင်းရှိ အာရက္ခတပ်တော်စခန်းကထွက်ပြေးလာသူဟာလည်း ၃၀၀ ကျော်လောက်ရှိတယ်လို့လည်း Jibon Tonchongya က ပြောဆိုထားကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော်ပြောခွင့်ရ ဦးခိုင်သုခကတော့ လက်ရှိ င်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ဆီမှာ လက်နက်အလင်းဝင်သွားတဲ့ း Jibon Tonchongya ဆိုတဲ့ သူဟာ သူတို့တပ်ဖွဲ့ဝင်မဟုတ်ကြောင်းကို သတင်းမီဒီယာတွေကို ဖြေဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here