တောင်ကုတ်မြို့သိမ်းတိုက်ပွဲအတွင်းက ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်သုံ့ပန်းမိသားစုဝင် ၁၄၄ ဦး ကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့ ဩဂုတ်လ ၉ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။
ပြန်လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေဟာ တောင်ကုတ်အခြေစိုက် စစ်ကောင်စီရဲ့ စကခ – ၅ အပါဝင်တခြားဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေ ဖြစ်တယ်လို့ဆိုပါတယ်။ပြန်လွှတ်ပေးလိုက်တဲ့ သူတွေထဲမှာတော့ အမျိုးသမီး နဲ့ ကလေးငယ်တွေတွေ အများဆုံးဖြစ်တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
“စစ်သုံ့ပန်းတွေရဲ့ မိသားစုဝင်တွေပါ ဒေသခံတွေလည်းပါတယ်။ဗမာတွေလည်းပါတယ်။အခုကတော့ သူတို့သွားလိုတဲ့နေရာတွေကို သွားနိုင်ဖို့အတွက်လွှတ်ပေးလိုက်တာလို့သိရတယ်။အဲဒီလို ကန့်သတ်မှုတွေ မထားဘူး”လို့ သူကပြောပါ တယ်။
အာရက္ခတပ်တော်ဟာ သူတို့ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ သုံ့ပန်းတွေကို ကောင်းမွန်စွာကျွေးမွေးပြုစုစောင့်ရှောက်ပေးတာ၊ဆေးဝါးကုသပေးတွေကို လုပ်ဆောင်ပေးထားတာလည်း ရှိကြောင်းကို အာရက္ခတပ်တော်က ထုတ်ပြန်ပြောဆိုထားတာတွေရှိသလို ပစ်မှုကျူးလွန်ထားတာမရှိတဲ့ စစ်သုံးပန်းတွေကိုလည်း မကြာခဏဆိုသလို ပြန်လွှတ်ပေးတာတွေလည်း ရှိနေပါတယ်။
အာရက္ခတပ်တော် နဲ့ စစ်ကောင်စီတပ်တွေဟာ ရခိုင်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းကပင် တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွါးခဲ့ပြီးတော့ လက်ရှိအချိန်အထိ အာရက္ခတပ်တော်က ပလက်ဝဒေသ အပါအဝင် ရခိုင်က မြို့နယ် ၁၄ ခုအထိကို အပြီးသတ်သိမ်းပိုက် ရရှိထားပြီးဖြစ်ပါတယ်။
အဲဒီလို ပလက်ဝဒေသ အပါအဝင် ရခိုင်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်လိုက်တာ နဲ့ အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ အရာရှိ များစွာကို အာရက္ခတပ်တော်က ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။အဲဒီလို့ အာရက္ခတပ်တော် ဖမ်းဆီးထိန်းသိမ်းထားတဲ့ သုံ့ပန်းတွေ နဲ့ သုံးပန်းမိသားစုဝင်တွေထားတဲ့ နေရာတွေကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် သုံ့ပန်းတွေ သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။
အာရက္ခတပ်တော် အနေ နဲ့ ဖမ်းဆီးရမိထားတဲ့ သုံးပန်းတွေကို ပြန်လွတ်ပေးတာ ၅ ကြိမ်ထက်မနည်း ရှိခဲ့ပြီးတော့ သုံ့ပန်း ၁၀၀၀ ကျော်အထိကို ပြန်လွှတ်ပေးခဲ့ပြီလည်းဖြစ်ပါတယ်။
ပုံ – အာရက္ခတပ်တော်ဆီမှာ ဖမ်းဆီးခံထားရတဲ့ သုံ့ပန်းတွေ မြင်တွေ့ရမှု။ပုံဟောင်း။




