Home သတင်း စစ်ရေး ကျောက်ဖြူကကျေးရွာ ၂ ရွာကို စစ်ကောင်ကော်မရှင် က ထိန်းချုပ်ပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာလုပ်နေ

ကျောက်ဖြူကကျေးရွာ ၂ ရွာကို စစ်ကောင်ကော်မရှင် က ထိန်းချုပ်ပြီးနောက် နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာလုပ်နေ

98
0

ကျောက်ဖြူမြို့နယ် အတွင်းက ကျေးရွာ ၂ ရွာကို အာရက္ခတပ်တော် ရဲ့ ထိန်းချုပ်မှုအောက်ကနေပြီး ပြန်လည်ရယူပြီးနောက်မှာ စစ်ကော်မရှင်တပ်တွေဟာ ကျေးရွာ အတွင်းမှာ ရှိတဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကို လုပ်ဆောင်နေတယ်လို့ ကျောက်ဖြူမြို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲဒီလို စစ်ကော်မရှင်တပ်တွေပြန်လည်ထိန်းချုပ်လိုက်တဲ့ ကျေးရွာတွေကတော့ ကျောက်ဖြူမြို့နယ် အတွင်းက လိပ်ခမော်ရွာဟောင်း နဲ့ လိပ်ခမော်ကျေးရွာသစ် တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အဲဒီကျေးရွာကို စစ်ကော်မရှင်တပ်တွေ ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့ အတည်းကပင် ကြည်း၊ရေ၊လေ အပြင် ဒရုန်းတွေ အများအပြားအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ အာရက္ခတပ်တော်က ဒီနေ့ နေ့လယ်ပိုင်းမှာ အဲဒီကျေးရွာကနေ တပ်ဆုတ်ပေးလိုက်ပြီးနောက်မှာ စစ်ကောင်စီတပ်တွေဟာ ကျေးရွာ အတွင်းမှာအထိုင်ချကာ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတာဖြစ်တယ်လို့ ကျောက်ဖြူမြို့ ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောပါတယ်။

“သူတို့ အလုံးအရင်း နဲ့ ထိုးစစ်ဆင်လာတဲ့ အခါမှာ ပြန်ပြီးတော့ ဆုတ်ပေးလိုက်တဲ့ သဘောပါ ။လက်ရှိကတော့ သူတို့ အဲဒီမှာတပ်ချပြီးတော့ နေအိမ်တွေကို မီးရှို့နေတယ်။ညနေ ၄ နာရီလောက်ကပင် အဲဒီမှာ မီးခိုးတွေအူတက်နေတယ်။ နှစ်ရွာလုံးကို မီးရှို့နေတာဖြစ်တယ်”လို့ သူကပြောပါတယ်။

လက်ရှိစစ်ကော်မရှင်တပ်တွေ ထိန်းချုပ်လိုက်တဲ့ လိပ်ခမော်ရွာဟောင်း နဲ့ လိပ်ခမော်ကျေးရွာသစ်ကျေးရွာမှာ အိမ်ခြေ ရာကျော်ရှိတဲ့ ကျေးရွာတွေ ဖြစ်ကြပြီးတော့ ဒေသခံအများစုဟာ အရင်ကတည်းကပင်တိုက်ပွဲ နဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရတယ်လို့ လည်းဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်တွေဟာ အဲဒီကျေးရွာကို အာရက္ခတပ်တော်က ထိန်းချုပ်သိမ်းပိုက်ထားပြီးတဲ့ နောက်မှာ မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်တာ၊ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာ၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာတွေကြောင့် ပြည်သူပိုင်းနေအိမ်တွေ အမြောက်အများ ပျက်စီးမှုရှိနေခဲ့ရတဲ့ ကျေးရွာတွေဖြစ်တယ်လို့လည်း ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။

သတင်း – ဟိန်းဆက်

LEAVE A REPLY

Please enter your comment!
Please enter your name here