Home လူမှုစီးပွါးရေး အာရက္ခတပ်တော် ထိန်းချုပ်နေရာမှာ ဟောင်းနွမ်းငွေစက္ကူကို လက်ခံဖို့ ငြင်းဆန်သူကို တိုင်ကြားနိုင်တယ်လို့ အမိန့်ထုတ်ပြန်

အာရက္ခတပ်တော် ထိန်းချုပ်နေရာမှာ ဟောင်းနွမ်းငွေစက္ကူကို လက်ခံဖို့ ငြင်းဆန်သူကို တိုင်ကြားနိုင်တယ်လို့ အမိန့်ထုတ်ပြန်

36
0

အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြို့နယ်တွေမှာ ဟောင်းနွမ်းငွေစက္ကူကို လက်ခံဖို့ ငြင်းဆန်သူတွေကို သက်ဆိုင်ရာဌာနတွေမှာ တိုင်ကြားနိုင်တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဒေသန္တရ အမိန့်ထုတ်ပြန်စာတွေကို ကပ်ကာထုတ်ပြန်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ဒေသမှာ ၁၀၀ ကျပ်၊ ၂၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်တန် ဟောင်းနွမ်းငွေစက္ကူတွေကို လက်မခံတာ ပေးချေသုံးစွဲမရတာတွေ ကိုတွေနေရပြီးတော့ ဒေသတွင်းမှာ စီးပွား ရေးလည်ပတ်မှုတွေ ပုံမှန်ဖြစ်စေဖို့ နဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ ငွေစက္ကူရှားပါးမှု အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ အတွက် ထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒါကြောင့် အလွန်အမင်း စုတ်ပြဲနေ တဲ့ ငွေစက္ကူတွေ မဟုတ်တဲ့ သာမန်ဟောင်းနွမ်းနေတဲ့ ငွေစက္ကူတွေ နဲ့ စစ်မှန်မှုရှိတယ်လို့ ထင်ရှားတဲ့ ငွေစက္ကူတွေကို လက်ခံသုံးစွဲကြဖို့လိုအပ်တာဖြစ်ပြီးတော့ လက်ခံဖို့ ငြင်းဆန်တဲ့သူတွေရှိရင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေ၊တိုက်နယ်အုပ်ချုပ်ရေးမှူးရုံးတွေ နဲ့ စည်ပင်သာယာရေးရုံးတွေမှာ တိုင်ကြားနိုင်တယ်လို့ အမိန့်ထုတ်ပြန်စာမှာ ဖော်ပြထားတယ်လို့ မြောက်ဦးဒေသခံ တစ်ဦးက ပြောပါတယ်။

“ဒီထုတ်ပြန်ချက်က ကောင်းလားမကောင်းလားဆိုတာက ပြောရခက်ခက် တစ်ဖက်ကကြည့်ရင်လည်း မှန်တယ်။တစ်ဖက်က ကြည့်ရင်လည်းမှန်တယ်ဆိုတော့ ငွေ အမောက်အများထဲမှာ နည်းနည်းပါရင်တော့ ပြသနာမရှိဘူး။ပြီးတော့ ပြသနာက လူတွေကလည်း ဆုင်ရှင်ကို သူတို့ပေးတဲ့ အခါ လက်ခံတယ် သူတို့ကို ဆိုင်ရှင်က ပြန်ပေးတော့ လက်မခံချင်ဘူး အဲဒီလိုတွေ ဖြစ်နေတာပေါ့။ဒီမှာကတော့ တိုင်တာဘာညာ မရှိသေးဘူး”လို့ သူကဆိုပါတယ်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်းကပင် ငွေကြေးဆိုင်ရာတွေ အတွက် ဘဏ်လုပ်ငန်းတွေလည်ပတ်မှဒ မရှိတော့တဲ့ အတွက် ပြည်သူကြားမှာ သုံးစွဲနေရတဲ့ ငွေစက္ကူအခက်အခဲဟာ များစွာအကြပ်အတည်း နဲ့ ရင်ဆိုင်ခဲ့ကြရတယ်လို့ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ အနေ နဲ့ ထုတ်ပြန်တဲ့ ငွေကြေးလည်ပတ်နိုင်ရေးထုတ်ပြန်ချက်ဟာ ကောင်းမွန်တဲ့ ထုတ်ပြန်ချက်ဖြစ်ပေမယ့် တစ်ဖက်မှာလည်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်းစားသောက်နေကြတဲ့ စေ◌ျးဆိုင်ရောင်းသူတွေ အနေ နဲ့ ဒီငွေကြေးအဟောင်းအနွမ်းတွေ နဲ့ ကုန်ပစ္စည်းတွေကို ပြည်မ ကနေတဆင့် ပြန်လည်မှာယူတဲ့ အခါမှာ လက်ခံမှု မရှိတာတွေ ရှိနေတဲ့ အတွက် အခက်အခဲ ဖြစ်လာမှာ သေချာတယ်လို့ သံတွဲ မြို့ခံ တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

“ထုတ်ပြန်ချက်က မကောင်းတာ မဟုတ်ဘူး လက်ရှိမှာ ဒီကိစ္စကလုပ်ကိုလုပ်ရမယ့် ကိစ္စဖြစ်တယ်။ဒါပေမယ့် ကျနော်တို့မှာက ပြည်မမှာ ပစ္စည်းဝယ်တဲ့ အခါ ဒီငွေစက္ကူကိစ္စက စကားပြောလာရတယ်။တစ်ဖက်မှာ လက်ခံပြီးယူသွားလို့ တစ်ဖက်မှာ လက်မခံရင် တော်တော် ခက်ခဲတယ်။ပြီးတော့ ကုန်သည်ကြီးတွေက လက်တော့ခံတယ် ကော်မရှင်ခတွေ ပြန်ဖြတ်လို့ လက်ခံတယ် ။ဥပမာ တစ်သောင်းတန် တစ်ရွက်က စုတ်နေတယ် သူတို့ မကြိုက်ဘူးဆိုတော့ တစ်သောင်းတန်ကို ၉၀၀၀ ပဲပေးတယ် အဲဒီလိုတွေပေါ့။ဆိုတော့ ဒီဘက်မှာက တစ်သောင်းကို တစ်သောင်းပေးထားရတယ်။အဲဒါကြောင့် လက်ရှိထုတ်ပြန်ချက်က ခေတ္တလည်ပတ်နိုင်ရေးအတွက် ရနိုင်ပေမယ့် ရေရှည်မှာတော့ ခက်ခဲလာမှာသေချာတယ်”လို့ သူက သုံးသပ်ပြောဆိုပါတယ်။

အာရက္ခတပ်တော် အနေ နဲ့ အခုလို ငွေစက္ကူအဟောင်းအနွမ်း သုံးစွဲကြဖို့ထုတ်ပြန်ချက်ကို အခုတစ်ကြိမ်သာ ထုတ်ပြန်ခဲ့တာ မဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာလည်း ထုတ်ပြန်ခဲ့တာလည်း ရှိခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here