မကွေးတိုင်းဒေသကြီး၊ င/ဖဲမြို့နယ်၊ စွန်တက်ကျေးရွာရဲ့ မြောက်ဘက် မီတာ (၃၀၀၀) ကျော်အကွာမှာ ဖြစ်ပွါးခဲ့တဲ့ မိနစ် ၃၀ ခန့်အကြာ တိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်ဖွဲ့ ဝင် ၂၀ ခန့်သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်လာပါတယ်။
စစ်ကော်မရှင် ရဲ့ တပ်မ (၉၉) လက်အောက်ခံတပ်တွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့လယ် (၂) နာရီ (၅၄) မိနစ်မှာ အာရက္ခတပ်တော်ကို ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီးတော့ မိနစ် ၃၀ အကြာ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမိနစ် ၃၀ အကြာတိုက်ပွဲအတွင်းမှာ အာရက္ခတပ်တော်ရဲ့ လက်ချက်နဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀ ခန့် သေဆုံးတဲ့ အလောင်းတွေကို သိမ်းဆည်းရမိခဲ့သလို စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို အာရက္ခတပ်တော်က သိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင်အာရက္ခတပ်တော် အနေ နဲ့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေကိုလည်း လိုက်လံရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း အသိပေးထားပါတယ်။
အာရက္ခတပ်တော်အနေ နဲ့ မိမိတို့ရဲ့ မျှော်မှန်းထားတဲ့ စစ်ရေးရည်မှန်းချက် တွေအထမြောက်နိုင်ဖို့အတွက် ရပ်တန့်တာမရှိဘဲ အပြီးသတ်မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက်ဆင်နွဲနေတာရှိသလို ရခိုင်ရိုးမ တောင်တန်းတစ်လျှောက် က ရခိုင် – မကွေးတိုင်းအစပ်၊ရခိုင် – ပဲခူးတိုင်းအစပ်၊ ရခိုင် – ဧရာဝတီတိုင်း အစပ်က ရန်သူ့ထိုးစစ်တွေကိုလည်း ခုခံဆင်နွဲနေတာဟာ တစ်နှစ် နဲ့ ကိုးလကျော်အထိ ရပ်တန့်တာမရှိဘဲ ခုခံနေတယ်လို့ ဆိုထားပါတယ်။
တဖက်မှာလည်း အာရက္ခတပ်တော်ဟာ ခိုင်ရိုးမ တောင်တန်းတစ်လျှောက် က ရခိုင် – မကွေးတိုင်းအစပ်၊ရခိုင် – ပဲခူးတိုင်းအစပ်၊ ရခိုင် – ဧရာဝတီတိုင်း တွေမှာလည်း အ ခုခံစစ်၊ ထိုးစစ်၊ လှုပ်ရှားစစ်၊ ရွေ့လျားစစ်တွေ နဲ့ အတူ ဟန် ချက်ညီညီ တိုက်ပွဲတွေကတဆင့် မိမိတို့ရဲ့ စစ်ရေးရည်မှန်းချက်တွေကို အ ပြည့်အဝ အကောင်အထည်ဖော် နိုင်ဖို့ နေ့တိုင်း ဒါမှမဟုတ် မကြာခဏ တိုက်ပွဲဖြစ်နေတယ်လို့လည်း အသိပေးထားပါတယ်။