မန္တလေး အိုဘိုထောင် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရတဲ့ အကျဥ်းသား ၂၁ ဦးထိရှိလာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ (၈)ရက်နေ့ မနက် ၁၀နာရီလောက်မှာ မန္တလေးအိုးဘိုအကျဉ်းထောင်က အမျိုးသားဆောင်ကို Drop Bome နှစ်လုံး ကြဲချတိုက်ခိုက်ခံခဲ့ရတာပါ။
ဒီသေဆုံးသွားတဲ့ သူ ၂၁ ဦးထဲမှာတော့ နိုင်ငံရေးအကျဥ်းသား ၁၇ ဦး၊ အခြားအကျဉ်းသား ၄ ဦး စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ရပြီးတော့ထိခိုက်ဒဏ်ရာရှိသူလည်း အနည်းဆုံး ၁၀ ဦးအထိ ရှိခဲ့နေတယ်ဆိုတာကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ အသက်(၃၆)နှစ်အရွယ် ကိုတင်လင်းထွန်း၊အသက်(၂၆)နှစ်အရွယ် ကိုသန်းနိုင် ၊အသက်(၃၁)နှစ်အရွယ် ကိုကျော်သီဟ၊အသက်(၂၄)နှစ်အရွယ် ကိုရှိင်းဇော်၊အသက်(၂၆)နှစ်အရွယ် ကိုခန့်ဖြိုးအောင်၊အသက်(၂၉)နှစ်အရွယ် ကိုကျော်ဇင်တိုး၊ကိုအောင်ကိုဝင်း၊အသက်(၃၀)အရွယ် ကိုဌေးလင်းအောင်၊အသက်(၃၉)နှစ်အရွယ် ကိုဝေယံ ၊ အသက်(၂၁)နှစ်အရွယ် ကိုရဲရင့်၊အသက်(၂၈)နှစ်အရွယ် ကိုသူရနေမင်း၊အသက်(၃၂)နှစ်အရွယ် ကိုသက်မျိုး၊အသက်(၃၇)နှစ်အရွယ် ကိုဗိုလ်ဝင်း၊အသက်(၃၇)နှစ်အရွယ် ကိုအောင်ကောင်းထက်၊အသက်(၂၃)နှစ်အရွယ် ကိုဖုန်းထက်၊အသက်(၂၈)နှစ်အရွယ် ကိုကျော်မြတ်သူ နဲ့ အသက်(၃၄)နှစ်အရွယ် ကိုကျော်ကျော်လင်း တို့ဖြစ်ကြပါတယ်။
ဒီအကျဥ်းထောက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အဖွဲ့ကိုတော့လက်ရှိမှာ PPNM အနေ နဲ့ အတည်ပြုနိုင်ရေး ဆက်လက်ကြိုးစားဆောင်ရွက်နေဆဲဖြစ်ပြီးတော့ဆက်လက် ထုတ်ပြန်သွားမယ်လို့ ဆိုထားပါတယ်။