Home နိုင်ငံရေး မာန်အောင်မှာ ကြံခိုင်ရေးပါတီက မဲဆွယ်စည်းရုံးရေးစတင်လုပ်ဆောင်နေပြီ

မာန်အောင်မှာ ကြံခိုင်ရေးပါတီက မဲဆွယ်စည်းရုံးရေးစတင်လုပ်ဆောင်နေပြီ

131
0

စစ်ကောင်စီထိန်းချုပ်မှု အောက်မှာ ရှိနေဆဲ ဖြစ်တဲ့ မာန်အောင်မှာ ကြံခိုင်ရေးပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးတွေ စတင်လုပ်ဆောင်နေပြီးဖြစ်တယ်လို့ မာန်အောင်ဒေသတွင်းသတင်းရင်းမြစ်ကပြောပါတယ်။

လက်ရှိမှာတော့ကြံခိုင်ရေးပါတီ ဝင်တွေဟာ မာန်အောင်မြို့နယ်အတွင်းမှာ ရှိနေတဲ့ ကျေးရွာရှိဒေသခံပြည်သူတွေကို စစ်ကော်မရှင်က ကျင်းပမယ့် ရွေး ကောက်ပွဲတွေကို ပြည်သူတွေ အနေ နဲ့ ပူးပေါင်းပါဝင်ကြဖို့ နဲ့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးပြသနာတွေကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ ကြံခိုင်ရေးပါတီကို မဲထည့်ကြဖို့ ဆိုပြီးတော့ လူထုစည်းရုံးရေးတွေ စတင်လုပ်ဆောင်နေတာကိုတွေ့နေရပြီးဖြစ်တယ်လို့ မာန်အောင်ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့ သိမ္ဗလကျေးရွာမှာ ကြံခိုင်ရေးပါတီဝင်တွေက ပြည်သူတွေကို ခေါ်ပြီးတော့ ရွေးကောက်ပွဲမှာ ပူပေါင်းကြဖို့ ပြီးတော့ သူတို့မဲထည့်ကြဖို့ ပြောတာတွေရှိတယ်။မဲဆွယ်ဟောပြောပွဲဆိုပြီးတော့ ကြီးကြီးကျယ်ကျယ်ကြီးလုပ်သေးတာတော့ မဟုတ်သေးဘူး။ဒါပေမယ့် ဒီလိုပြောတာကလည်း မဲဆွယ်တာပဲပေါ့ ကျန်တဲ့ ပါတီတွေကတော့လုပ်တာတော့ မတွေ့ရသေးဘူး”လို့ သူကဆိုပါတယ်။

စစ်ကော်မရှင်ရဲ့ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၉ (က)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ ပါ တာဝန် နဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးပြီးတော့ သက်ဆိုင်ရာလွှတ် တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၄ (ဂ)နဲ့ နည်းဥပဒေ ၁၆ (က)တို့အရ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁) ကို ဒီဇင်ဘာ (၂၈)ရက် တနင်္ဂနွေနေ့မှာ စတင် ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

အာရက္ခတပ်တော်ကတော့ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ ခုမှာ စစ်ကော်မရှင်က ကျင်းပမယ့်ရွေးကောက်ပွဲကို ကျင်းပခွင့်ပေးမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။

တဖက်မှာလည်း မာန်အောင်ဒေသမှာ ရှိနေကြတဲ့ ဒေသခံပြည်သူတွေဟာ စစ်ကော်မရှင်က ကျင်းပမယ့်ရွေးကောက်ပွဲထက် နေ့စဉ်စားဝတ်နေရေးဖြေရှင်းနိုင်ရေးကို ဦးစားပေးလုပ်ဆောင်နေကြရပြီး ရွေးကောက်ပွဲ ကျင်းပရေး အပေါ်မှာတော့ စိတ်ဝင်စားမှု မရှိဖြစ်နေကြတယ်လို့လည်း နောက်ထပ်မာန်အောင်ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျွန်းရွာကျေးရွာမှာလည်း ကြံခိုင်ရေးက အဲဒီလို ဟောပြောဖို့ လူတွေစုခိုင်းတာရှိတယ် ဒီနေ့ လူတွေကမလာကြဘူး။အခုလူတွေက သူတို့ရွေးကောက်ပွဲဆိုတာထက် နေ့စဉ်စားဝတ်နေရေးကိုဘဲ စိတ်ဝင်စားနေကြရတာ။ကုန်စေ◌ျးနူန်းတွေကလည်း အရမ်းမြင့်တော့ မနက် နဲ့ ည ငါတို့ ဘယ်က ရလို့ စားရမလဲ ဘာလုပ်ရမလဲကိုဘဲ တွေးနေကြရတော့ သူတို့ ခေါ်တာကိုလည်း ဘယ်သူမှ မသွားနိူင်ကြဘူး”လို့ သူကပြောပါတယ်။

မာန်အောင်မြို့နယ် အတွင်းမှာ စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ဟာ တိုက်ပွဲတစုံတစ်ရာ ဖြစ်ပွါးတာတွေ မရှိပေမယ့်လည်း စစ်ကောင်စီဟာ မာန်အောင်ကို သွားလာခွင့်တွေ ကုန်စည်တင်သွင်းခွင့်တွေ ဒေသခံတွေရဲ့ အသက်မွေးလုပ်ငန်းဖြစ်တဲ့ ငါးဖမ်းခွင့်တွေကို ကန့်သတ်ပိတ်ပင်ထားတဲ့ အတွက် ဒေသခံပြည်သူတွေဟာ အလုပ်အကိုင် မရှိတာ ကုန်စေ◌ျးနူန်းအဆမတန်မြင့်တက်တဲ့ ဒဏ်တွေကို ရင်ဆိုင်နေကြရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here