ဒီးမော့ဆိုမြို့နယ်အတွင်းကို ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်တွေဟာ မြို့တွင်းမှာ နေထိုင်နေတဲ့ အရပ်သားပြည်သူတွေကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးအသုံးချတာ မတရားပစ်ခတ် သတ်ဖြတ်တာတွေကို လုပ်ဆောင်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။
အဲဒီလို ဒီးမော့ဆိုမြို့နယ်အတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ရဲ့ အရပ်သားပြည်သူတွေကိုဖမ်းဆီးပြီးတော့ ဒိုင်းကာသဖွယ် အသုံးပြုပြီးတော့ စစ်ကြောင်းရဲ့ အရှေ့ဆုံးကနေပြီးတော့ သွားလာခိုင်းတာ ၊ စစ်ကော်မရှင်တပ်တွေမှာ ပါလာတဲ့ စစ်သုံးပစ္စည်းတွေကို ထမ်းခိုင်းတာတွေကို KNDF အနေ နဲ့ ရုပ်သံမှတ်တမ်းတချို့ရိုက်ကူနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
အဲဒီလိုပဲ ဒီးမော့ဆိုမြို့နယ်အတွင်း ကကျေးရွာတစ်ရွာအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကော်မရှင် စစ်ကြောင်းတစ်ကြောင်းဟာလည်း ကျေးရွာလမ်းမပေါ်မှာ ဆိုင်ကယ် နဲ့ သွားနေတဲ့ အရပ်သားပြည်သူတွေကို အမေးအမြန်းမရှိဘဲ တမင်ပစ်ခတ်တာ ၊ ဖမ်းဆီးတဲ့ ရုပ်သံ တစ်ခုကိုလည်း KNDF အနေ နဲ့ မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့တယ်လို့လည်း ဆိုထားပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို အရှက်တရားကင်းမဲ့စွာ နဲ့ ဥပဒေမဲ့ မဆင်မခြင် ဖမ်းဆီးပြီးတော့ နှိ-ပ်စ-က်ညှ-င်းပ-န်းခြင်း ၊ သ-တ်ဖြတ်ခြင်း ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေကို ထပ်ခါတလဲလဲ ပေါ်ပေါ်ထင်ထင်လုပ်ဆောင်ပြီးတော့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ KNDF က ဆိုထားပါတယ်။
တဖက်မှာလည်း စစ်ကော်တပ်တွေဟာ အခုလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူတွေကို ဥပဒေမဲ့ မဆင်မခြင် ဖမ်းဆီးပြီးတော့ နှိ-ပ်စ-က်ညှ-င်းပ-န်းခြင်း ၊ သ-တ်ဖြတ်ခြင်း ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုတာတွေရှိနေတာကြေင့် KNDF က သြဂုတ်လ (၁၀) ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီး နဲ့ လမ်းမကြီးအပေါ် ဖြတ်သန်း သွားလာတဲ့ လမ်းသွယ်တွေကို အသုံးပြုပြီးတော့ အရပ်သားတွေ အနေ နဲ့ သွားလာတာတွေ မလုပ်ကြဖို့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF က တိုက်တွန်းပြောဆိုထားပါတယ်။



