Home သတင်း စစ်ရေး တိုက်ပွဲတိုက်တဲ့နေရာမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ကို အနိုင်တိုက်နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ တိုက်ဖို့လိုတယ်လို့ ဘူးလက်လှဆွေပြော

တိုက်ပွဲတိုက်တဲ့နေရာမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ကို အနိုင်တိုက်နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ တိုက်ဖို့လိုတယ်လို့ ဘူးလက်လှဆွေပြော

167
0

စစ်ကော်မရှင်တပ်တွေ အနေ နဲ့ အာရက္ခတပ်တော် AA နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIO/ KIA တပ်တွေ နဲ့ တိုက်ပွဲ ဖြစ်တဲ့ အခါမှာ စစ်ဦးစီးချုပ်တွေ ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ကို အနိုင်တိုက်နိုင်ရမယ်ဆိုတဲ့ စိတ်နဲ့ တိုက်ဖို့လိုတယ်ဆိုတဲ့ စိတ်နဲ့ တိုက်ခိုက်ရမယ်လို့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဘူးလက်လှဆွေကသူ့ရဲ့လူမှုကွန်ယက်ကနေ စစ်ကော်မရှင်တပ်တွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဘူးလက်လှဆွေပြောဆိုထားတာက”ကျနော်တို့ခောက်က မြေပြင်တပ်မှူးတွေက သူတို့တိုက်ရမယ့် သူပုန်တွေကို ခေါင်းထဲထည့်ပြီးတော့ မရ ရအောင်တိုက်ရမယ်ဆိုတဲ့ စိတ် နဲ့ဆော်ကြတာဗျ။ကျနော်တို့က အဲဒီခောက်ကိုမှီခဲ့တာပေါ့နော် အခုခောတ်ဆိုရင်တော့ ထွန်းမြတ်နိုင် တို့ ဂွမ်မော် တို့ဒီကောင်တွေကို လုပ်ရမှာပေါ့နော်။အဲလိုရှိတော့ ကျနော်ဆိုလိုတာက ခေါင်းထဲမှာ သေချာထည့်ပြီးတော့ ဒီကောင်ကိုနိုင်အောင်ချရမယ်ဆိုတဲ့ စိတ်ကိုသွင်းပြီးတော့ ဆော်ပလော်တီးဖို့လိုမယ်လို့ မြေပြင်တပ်မှူးတွေကို ပြောချင်တယ်”လို့ သူက ပြောဆိုထားပါတယ်။

ဒါ့အပြင် သူ့ အနေ နဲ့ ‌လက်ရှိလာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အတွက် သူမွေးထားတဲ့ ခွေးလေးကို စုကြည်လို့ နာမည်ပေးထားတယ်လို့လည်း သူက ပြောဆိုထားပါသေးတယ်။

ဘူးလက်လှဆွေ ခေါ် ဦးလှဆွေဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီး ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ ပြည်တောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ဂန့်ဂေါမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂ဝ၁၅ ရွေးကောက်ပွဲမှာတော့ USDP ပါတီကနေ ထပ်မံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့သူလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here