Home သတင်း စစ်ရေး UWSA အနေ နဲ့ ဘယ်လက်နက်ကိုင်အဖွဲ့ကိုမှ လက်နက် နဲ့ ငွေကြေးမထောက်ပံ့တော့ဘူးလို့တရားဝင်ပြောဆိုလာ

UWSA အနေ နဲ့ ဘယ်လက်နက်ကိုင်အဖွဲ့ကိုမှ လက်နက် နဲ့ ငွေကြေးမထောက်ပံ့တော့ဘူးလို့တရားဝင်ပြောဆိုလာ

126
0

“ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် – UWSA အနေ နဲ့ ဘယ်လိုနေရာ ဘယ်လိုအကြောင်းပြချက်တွေ နဲ့ဖြစ်ဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငွေကြေး နဲ့ လက်နက်တွေ ထောက်ပံ့မှုပေးတာတွေ လုပ်တော့မှာ မဟုတ်ကြောင်းတရားဝင်ထုတ်ပြန်ပြောဆိုလာတယ်လို့ WSTV က ဒီနေ့သတင်းမှာ ဖော်ပြထားပါတယ်။

ပန်းဆန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲကို တအာင်းတပ် – TNLA, ကိုးကန့်တပ် – MNDAA ၊ရှမ်းတပ် – SSPP လက်နက်ကိုင် ၃ ဖွဲ့ အကြီးတန်း ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာဖြစ်ပြီးတော့ “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် – UWSA အနေ နဲ့ တရားဝင်စစ်ရေး ဆုံးဖြတ်ချက်ကို တက်ရောက်လာတဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို ကြေငြာခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒုဥက္ကဌ Zhao Guoan က “ဒီအလွန်အရေးကြီးတဲ့ အစည်းအဝေးကို တက်ရောက်လာကြတဲ့ ညီအကို အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ပါတယ်။ သိသာထင်ရှားတဲ့”ဝ” ပြည်နယ်ရဲ့ ဆုံးဖြတ်ချက်ကို အသိ ပေးရန် ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ဒီအရေးကြီးဆုံးဖြတ်ချက်ကို တရားဝင်မကြေငြာခင်မှာ “ဝ” ပြည်နယ်ဘက်က ညီအကိုမောင်နှမများကိုယ်စား “ဝ” ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး ရပ်တည်ချက် နဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အလွန်ဆိုးရွားတဲ့ အခြေအနေများကို အသိပေးလိုပါတယ်။ “ဝ” ပြည်နယ်သည် မည်သည့် လက်နက် နဲ့ ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းကို ဘယ်လို အကြောင်းပြချက်၊ အချိန်မရွေး၊ ဘယ်လို နေရာမှာဖြစ်စေ ငွေကြေး အကူအညီ ပေးမည် မဟုတ်တော့ပါ။ ဒီဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသို့ တရားဝင် ကြေညာမှာဖြစ်ပြီးတော့ အဖွဲ့အစည်းတွေအနေနဲ့လည်း လက်နက် နဲ့ စက်ကိရိယာတွေ၊ ငွေကြေးအကူအညီတွေ ဒါမှမဟုတ် တအခြားထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်း နဲ့ “ဝ” ပြည်နယ်ကို ထပ်မံနှောက်ယှက်တာကို ရှောင်ကြဉ်ဖို့ တိုက်တွန်းတယ်”လို့ ပြောဆိုခဲ့ကြောင်းဖော်ပြထားပါတယ်။

မြန်မာအမျိုးသား ဒီမိုကရေတစ် မဟာမိတ် တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး/တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နဲ့ ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့ရဲ့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ အနေနဲ့လည်း “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ရဲ့ တရားဝင် စစ်ရေးဆုံးဖြတ်ချက်အပေါ်မှာ နားလည် သဘော ပေါက်ကြောင်း ဖော်ပြခဲ့ကြတယ်လို့ လည်းဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here