Home သတင်း စစ်ရေး ကျောက်ဖြူမှာ စစ်ကော်မရှင်စစ်ကြောင်း နှစ်ကြောင်း အာရက္ခတပ်တော်ရဲ့ကြားဖြတ်ချေမှုန်းတာကိုခံခဲ့ရ

ကျောက်ဖြူမှာ စစ်ကော်မရှင်စစ်ကြောင်း နှစ်ကြောင်း အာရက္ခတပ်တော်ရဲ့ကြားဖြတ်ချေမှုန်းတာကိုခံခဲ့ရ

114
4

ကျောက်ဖြူမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့က အင်အားရာချီပါတဲ့ စစ်ကြောင်း နှစ်ကြောင်းဟာ အာရက္ခတပ်တော်ရဲ့ ကြားဖြတ်ရှင်လင်းတာကို ခံလိုက်ရတဲ့ အတွက် စစ်ကော်မရှင်တပ်သားအများအပြား သေဆုံးတာရှိခဲ့ရတယ်လို့ ကျောက်ဖြူမြို့ စစ်ရေးသတင်းရေးမြစ်တွေကပြောပါတယ်။’

အဲဒီ အင်အားရာချီပါတဲ့ စစ်ကြောင်း နှစ်ကြောင်းဟာ အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီးဖြစ်တဲ့ သပြုတောင်၊ ကြတ္တိန်ကျေးရွာဘက်ကို စစ်ကြောင်းတစ်ကြောင်း နှမ်းဖဲတောင် နဲ့ မင်းတက်တောင် အနီးကို စစ်ကြောင်းတစ်ကြောင်း ထိုးဖောက်ဝင်ရောက်တာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီစစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်တွေကို အာရက္ခတပ်တော်က သပြုတောင်၊ ကြတ္တိန် နဲ့ နှမ်းဖဲတောင် ၊မင်းတက်တောင် နေရာတွေကို မရောက်ခင် လမ်းမှာဘဲ ကြားဖြတ်ချေမှုန်းတာကို လုပ်ဆောင်ခံခဲ့ရတဲ့ အတွက် ဒီစစ် ကြောင်း နှစ်ကြောင်းလုံးဟာ အကျအရှုံးများစွာ နဲ့ ရင်ဆိုင်ပြီးတော့ တပ်ပြန်ဆုတ်ထွက် ပြေး သွားခဲ့ရတာဖြစ်တယ်လို့လည်း စစ်ရေးသတင်း ရင်းမြစ်က ပြောပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ အစပိုင်းကတည်းကပင် ကျောက်ဖြူမြို့နယ်အတွင်းက အာရက္ခတပ်တော်သိမ်းပိုက်ထားပြီးဖြစ်တဲ့ နေရာတချို့ကို ကြည်း၊ရေ၊လေ အပြင် ဒရုန်းတွေ အများအပြားအသုံးပြုပြီးတော့ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးတွေကို လုပ်ဆောင်လာခဲ့တာရှိခဲ့ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကော်မရှင်တပ်တွေဟာ အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်တဲ့ လိပ်ခမော်ရွာဟောင်း နဲ့ လိပ်ခမော်ကျေးရွာသစ် တို့ကို ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ်လောက်မှာ အာရက္ခတပ်တော်လက်ထဲကနေပြီးတော့ ပြန်လည်သိမ်းယူနိုင်ခဲ့တာရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကော်မရှင်တပ်တွေဟာ ကျောက်ဖြူမြို့နယ်အတွင်းက အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့တွေကို ပြန်လည်ရရှိနိုင်ဖို့အတွက် ကြည်း၊ရေ၊လေ အပြင် ဒရုန်းတွေ နဲ့ စစ်အင်အား အများအပြား အသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို ဆက်တိုက်လုပ်ဆောင်နေတာလည်း ရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

4 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here