Home လူမှုစီးပွါးရေး စစ်တွေမှာ စစ်ကော်မရှင်က လျှပ်စစ်မီးပေးနိုင်ရေး အတွက် ပြင်ဆင်နေ

စစ်တွေမှာ စစ်ကော်မရှင်က လျှပ်စစ်မီးပေးနိုင်ရေး အတွက် ပြင်ဆင်နေ

28
0

လျှပ်စစ်မီးဖြတ်တောက်ခံထားရတာ ကြာနေပြီးဖြစ်တဲ့ စစ်တွေကို စစ်ကော်မရှင်တပ်တွေက လျှပ်စစ်မီးပြန်ရရှိနိုင်ရေးအတွက် ဒီရက်ပိုင်းအတွင်းမှာ ပြန်လည်ပြင်ဆင်နေတာတွေ ရှိနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကော်မရှင်ဟာ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်တစ်ခုလုံးကို လျှပ်စစ်မီးတွေ အပြင် ဖုန်းလိုင်း အင်တာနက်လိုင်တွေပါ ဖြတ်တောက်ထားတာဟာ လပေါင်းများစွာကြမြင့်နေပြီးလည်းဖြစ်ပါတယ်။

လက်ရှိမှာတော့ သူတို့ ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ စစ်တွေမြို့ကို လျှပ်စစ်မီးပြန်လည် ရရှိရေးဆိုပြီးတော့ ရပ်ကွက်အလိုက်အလှည့်ကျ နဲ့ ပြန်ပေးနိုင်ဖို့ အတွက် ပြင်ဆင်တာတွေ ရှိနေတယ်လို့ စစ်တွေမြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဟိုလိုကြီး တစ်မြို့လုံးကို ၂၄ နာရီပေးဖို့လုပ်တာတော့ မဟုတ်ဘူး ရပ်ကွက်အလိုက်အချိန်ပိုင်း နဲ့ ပေးမယ်လို့ပြောတယ်။မီးစက်နဲ့ ပေးမယ်လို့ပြောတယ်။အခုတော့ အဲဒီအတွက်လုပ်နေတာတွေရှိတယ် ဘယ်ရပ်ကွက်တွေ ရမလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူး”လို့ သူကပြောပါတယ်။

ဒီလို လျှပ်စစ်မီးပြန်လည်ပေးရေး အတွက်ကို စစ်ကော်မရှင်ဘက်က လုပ်ဆောင်လာတာဟာ ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာပြီးတဲ့ နောက်မှာ မှလုပ်ဆောင်လာတာ ဖြစ်တယ်လို့လည်း စစ်တွေဒေသခံတွေက ပြောပါတယ်။

စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဩဂုတ်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ လာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ ထဲမှာ ရခိုင်က ကျောက်ဖြူ၊ စစ်တွေ နဲ့ မာန်အောင်မြို့တွေမှာ ကျင်းပပြုလုပ်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here