Home လူမှုစီးပွါးရေး စစ်တွေမှာ Mytel ဆင်းကဒ် 4G အင်တာနက် ပြန်ရ

စစ်တွေမှာ Mytel ဆင်းကဒ် 4G အင်တာနက် ပြန်ရ

153
5

စစ်တွေမှာ Mytel ဆင်းကဒ်ကနေပြီးတော့ ဒီမနက်ပိုင်းမှာဘဲ 4G အင်တာနက်ကို ပြန်ရတယ်လို့ စစ်တွေမြို့ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၉ ရက်နေ့ ညနေလောက်ကစပြီးတော့ စစ်တွေမှာ Mytel ဆင်းကဒ်က 2Gဖုန်းလိုင်းတချို့ပြန်ရတာ ရှိခဲ့ပြီးတော့ ဒီနေ့မနက် ၁၀ နာရီလောက်မှာတော့ 4Gအင်တာနက်ကိုပါ ပြန်ရလာတာ ဖြစ်တယ်လို့ စစ်တွေမြို့ဒေသခံတစ်ဦးကပြောပါတယ်။

” ဟို့တနေ့တုန်းကပင်တော့ ဖုန်းလိုင်းတွေပြန်ရတယ်။ဒီနေ့မနက်ပိုင်းမှာတော့ for your update နဲ့ 4G အင်တာနက်ပြန်ရပါတယ်။VPN ကတော့ ခံသုံးရတယ် ဘာပဲဖြစ်ဖြစ် အင်တာနက်ပြန်ရရင်တော့ တချို့ သတင်းသိပိုင်ခွင့်တွေ လိုင်းသုံးပြန်ခွင့်တွေ ပြန်ရတော့ မဆိုးဘူးပေါ့”လို့ သူကပြောပါတယ်။

ရခိုင်တကျော့ပြန်တိုက်ပွဲစတင်ချိန်ကတည်းကပင် စစ်ကော်မရှင်တပ်တွေဟာ ရခိုင်က မြို့နယ်အားလုံးကို ဖုန်းလိုင်းအင်တာနက်လိုင်းတွေကိုနှစ် နဲ့ချီဖြတ်တောက်ထားခဲ့ပြီးတော့ အခု လာမယ့် ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲပြန်လုပ်မယ်လို့ ကြေညာချက်ထုတ်ပြန်ပြီးတဲ့ နောက်ပိုင်းမှာမှ ဖုန်းလိုင်းအင်တာနက်လိုင်းကို စစ်ကော်မရှင်က ပြန်လည်ဖွင့်ပေးလာတာလည်းဖြစ်ပါတယ်။

လက်ရှိ Mytel က ပေးတဲ့ 4G အင်တာနက်ကို အသုံးပြုမယ်ဆိုရင်တော့ ဖုန်းဆင်းကဒ်တွေကို မှတ်ပုံပြန်တင်ရတာတွေ လုပ်ရမှာ ဖြစ်ပြီးတော့ ဒီလို မှတ်ပုံပြန်တင်တာတွေကို လုပ်ဆောင်ရတဲ့ အတွက် အင်တာနက် အသုံးပြုမှုဆိုင်ရာ လုံခြုံရေးစိုးရိမ်ချက်တွေတော့ ရှိနေတယ်လို့လည်း စစ်တွေမြို့ဒေသခံ တစ်ဦးက ဆိုပါတယ်။

“အခုအင်တာနက်သုံးဖို့ အတွက်က ဆင်းကဒ်တွေကို မှတ်ပုံပြန်တင်ရတယ် Mytel ရုံးကဝန်ထမ်းတွေလည်း ဒီမှာရှိတယ်။ကျနော်တို့ စိုးရိမ်တာကတော့ လက်ရှိမှတ်ပုံပြန်တင်ပြီးတော့ လိုင်းသုံးရင် လုံခြုံမှုရှိပါမလားဆိုပြီးတော့တော့တွေးမိတယ်။စိုးလည်းစိုးရိမ်တယ်ပေါ့”လို့သူကပြောပါတယ်။

လက်ရှိစစ်ကော်မရှင်က ပေးတဲ့ Mytel ဆင်းကဒ်အင်တာနက်ဟာ စစ်တွေမြို့နယ်တစ်ခုတည်းမှာသာ ပထမဆုံးရရှိတာဖြစ်ပြီးတော့ စစ်ကော်မရှင်ထိန်းချုပ်ထားဆဲဖြစ်တဲ့ ကျောက်ဖြူ နဲ မာန်အောင်မြို့တွေမှာတော့ လက်ရှိအချိန်ထိ ဖုန်းလိုင်းတွေတောင် မရရှိသေးဘူးလို့လည်း သိရပါတယ်။

5 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here