Home ပညာရေး ဘဏ္ဍာရေး အခက်အခဲကြောင့် လင်းရောင်ခြည်ဖောင်ဒေးရှင်း ဖွင့်လှစ်ထားတဲ့ စာကျောင်းတွေ ရပ်တန့်မယ့် အခြေအနေ နဲ့ ရင်ဆိုင်နေရ

ဘဏ္ဍာရေး အခက်အခဲကြောင့် လင်းရောင်ခြည်ဖောင်ဒေးရှင်း ဖွင့်လှစ်ထားတဲ့ စာကျောင်းတွေ ရပ်တန့်မယ့် အခြေအနေ နဲ့ ရင်ဆိုင်နေရ

205
0

ဘဏ္ဍာရေး အခက်အခဲကြောင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းမှာ လင်းရောင်ခြည်ဖောင်ဒေးရှင်း ကဖွင့်လှစ်ထားတဲ့ အခလွတ်ပညာရေး စာသင်ကျောင်းတချို့ ရပ်နားရမယ့် အခြေအနေတွေ နဲ့ ရင်ဆိုင်နေကြရတယ်လို့ လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတွေက ပြောပါတယ်။

လင်းရောင်ခြည်ဖောင်ဒေးရှင်း အနေ နဲ့ ပြီးခဲ့တဲ့ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်မှာတော့ ပုဏ္ဏားကျွန်းမြို့နယ်ထဲမှာ အခလွတ်ပညာသင်ကြားရေး စာသင် ကျောင်း (၉) ကျောင်းထိဖွင့်လှစ်ကာ ကျောင်းသား ၁၂၇၉ ထိကို စာ သင်ကြားပေးနိုင်တာ ရှိခဲ့ပါတယ်။

ဒီ ၂၀၂၅ – ၂၀၂၆ ခုနှစ်အတွင်းမှာတော့ လင်းရောင်ခြည်ဖောင်ဒေးရှင် အနေ နဲ့ မြေပြင်လိုအပ်ချက်တွေအရ ပုဏ္ဏားကျွန်းမြို့နယ် တစ်ခုတည်းမှာ ကျောင်း ၉ ကျောင်းထိကို ဖွင့်လှစ်တော့တာမဟုတ်ဘဲ ပုဏ္ဏားကျွန်းမြို့၊ပေါက်တောမြို့ နဲ့ ရသေ့တောင်မြို့တွေထဲမှာ အခလွတ် ပညာရေး စာသင်ကျောင်း ၉ ကျောင်းထိဖွင့်လှစ်ပြီးတော့ ကျောင်းသား ဦးရေ ၂၀၁၆ ဦးထိကို ပညာသင်ကြားပေးနေတာ ဖြစ်တယ်လို့ လင်းရောင် ခြည်ဖောင်ဒေးရှင်းက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ဒီနှစ် ၂၀၂၅ – ၂၀၂၆ ခုနှစ် ပညာသင်နှစ်အစမှာ မြေပြင်လိုအပ်ချက်အရ ပုဏ္ဏားကျွန်း၊ပေါက်တော၊ရသေ့တောင် (၃)မြို့နယ်မှာ ကျောင်း (၉)ကျောင်းဖွင့်ပြီးတော့ KG ကပင် G9 အထိ ကျောင်းသား ၂၀၁၆ယောက်ကိုအခလွတ်ပညာသင်ကြားပေးနေပါတယ်။ စာတခုတည်းသင်ပေးတာမျိုးမဟုတ်ဘဲ ကျောင်းသား၊ကျောင်းသူတွေကို သင်ထောက်ကူထောက်ပံ့တာတွေ၊ ကျန်း မာရေး၊လူမှုဖူလုံရေးတွေကိုပါအလေးထားဆောင် ရွက်ထားပါတယ်”လို့ သူကဆိုပါတယ်။

ဒီလက်ရှိ လင်းရောင်ခြည်ဖောင်ဒေးရှင်း အနေ နဲ့ ဖွင့်လှစ်ထားတဲ့ အခလွတ်ပညာသင်ကျောင်း ၉ ကျောင်းရဲ့ တစ်လကုန်ကျစရိတ်ဟာ ကျပ်ငွေ သိန်း (၁၇၀) အထိကုန်ကျမှုတွေ ရှိနေပြီးတော့ ဒီနောက်ပိုင်း အလှူငွေ ရရှိမှု နည်းပါးလာတဲ့ အတွက် ဘဏ္ဍာရေး အခက်အခဲကြောင့် ကျောင်းတချို့ကို ပိတ်လိုက်ရတာတွေလည်း ရှိခဲ့တယ်လို့ လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိမှာတော့ ကျန်ရှိနေသေးတဲ့ ကျောင်းတွေထဲက ကျောင်းသူး/ကျောင်းသားတွေ ပညာရေး ရဲ့ အပြင်ဘက်ကို မရောက်သွားဖို့ အတွက် ကိုလင်းရောင်ခြည်ဖောင်ဒေးရှင်းအနေ နဲ့ အကြွေးစနစ်တွေ နဲ့ ယူပြီးတော့ ဆက်လက်ပညာသင်ကြားပေးနေရတာတွေ ရှိနေတယ်လို့လည်း အဲဒီတာဝန်ရှိသူက ဆက်လက်ပြောဆိုပါတယ်။

“ဒီအခမဲ့ပညာရေး အစီစဥ်၊ ပြီးတော့ လင်းရောင်ခြည်ဖောင်ဒေးရှင်းက လုပ်ဆောင်တဲ့ အာရက္ခပြည်သူ့အကျိုးပြုလုပ်ဆောင်မှုတွေအားလုံးဟာ အလှူရှင်တွေလှူဒါန်းပေးတဲ့ အလှူငွေတွေ နဲ့ ဆောင်ရွက်ခဲ့တာတွေ ဖြစ်တယ်။ အခုလက်ရှိမှာတော့ အလှူဖေသာရရှိမှု လုံးဝနီးပါးမရှိတော့တဲ့ အတွက်ကြောင့်နဲ့ တချို့ကျောင်းတွေကိုရပ်ထားရပြီးတော့ ကျောင်းသား/ကျောင်းသူ ၂၀၁၆ ဦးထဲက ၁၆၈၇ ယောက်ကို ပညာရေး ရဲ့ ဧရိယာပြင်ပကိုရောက်မသွားရအောင် အကြွေးယူပြီးတော့ ဆက်လက်ပညာသင်ပေးနေတယ် ရှေ့ဆက်ပြီးတော့လည်း လည်ပတ်နိုင်ဖို့ စိန်ခေါ်မှုတွေ အများကြီးရှိနေပါသေးတယ်”လို့ သူကပြောပါတယ်။

အဲဒါကြောင့် လက်ရှိဖွင့်လှစ်ထားတဲ့ ကျောင်‌တွေ ဆက်လက်ရပ်တည်နိုင်ဖို့ အတွက် ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ ပါဝင်လှူဒါန်းမှု အကူအညီတွေ လိုအပ်နေတယ်လို့လည်းဆိုပါတယ်။ ဒီလိုသာ လက်ရှိ ပညာသင်ကြားပေးနေတဲ့ အခလွတ်ပညာသင်ကျောင်းတွေ ရပ်နားသွားခဲ့ရရင်လည်း ကျောင်းသူကျောင်းသား ၂၀၀၀ ကျော်ရေပညာရီးနန့်ကင်းကွားသွားပြီးတော့ ကလေးငယ်တွေ ရဲ့ အနာဂတ် တနည်းအားဖြင့် တိုင်းပြည်အနာဂတ်အတွက် အစားထိုးမရတဲ့ နစ်နာမှုတွေပါ ဖြစ်သွားနိုင်တယ်လို့လည်း ဆိုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here