Home လူ့အခွင့်အရေး တန်းလျှောက်ခံကျေးရွာ နဲ့ ပတ်သက်ပြီး မဟုတ်မမှန်ဝါဒဖြန့်တာဟာလူမျိုးစု နှစ်စုကို မသင့်မြတ်အောင်လုပ်တာလို့ မွတ်ဆလင်အသိုင်းအဝိုင်းပြောဆို

တန်းလျှောက်ခံကျေးရွာ နဲ့ ပတ်သက်ပြီး မဟုတ်မမှန်ဝါဒဖြန့်တာဟာလူမျိုးစု နှစ်စုကို မသင့်မြတ်အောင်လုပ်တာလို့ မွတ်ဆလင်အသိုင်းအဝိုင်းပြောဆို

153
1

ရခိုင်ပြည်၊ မောင်တောခရိုင် ဘူးသီးတောင်မြို့နယ် တန်းလျှောက်ခံရွာ မှာ မွတ်ဆလင် ၆၀၀ ကျော်ကို အာရက္ခတပ်တော်က သတ်ဖြတ်ခဲ့တယ်လို့ မဟုတ်မမှန်လုပ်ကြံဖန်တီးဝါဒဖြန့်မှု တွေဟာ လူမျိုးစု နှစ်စုကို မသင့်မြတ်အောင်လုပ်ဆောင်တာ ဖြစ်တယ်လို့ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်တွေ နဲ့ မွတ်ဆလင် အသိုင်းအဝိုင်းတွေက ဒီနေ့ ​ဩဂုတ်လ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလာပါတယ်။

ဒီထုတ်ပြန်ချက်ကိုလည်း ရခိုင်ပြည်၊မောင်တောခရိုင်အတွင်းမှာရှိတဲ့ အစ္စလာမ်ဘာသားရေးခေါင်းဆောင် အကြီးအကဲတွေ၊လူမှုရေးအသင်းအဖွဲ့ခေါင်း ဆောင်တွေ ၊စီးပွါးရေးလုပ်ငန်းရှင်တွေ၊မြို့မိ/မြို့ဖတွေ ၊တက်ကြွလှုက်ရှားသူတွေ နဲ့ လူငယ်ခေါင်းဆောင် စုစုပေါင်း ၁၆၀ ဦးက လက်မှတ်ရေးထိုးထုတ်ပြန်လာခဲ့တာပါ။

လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Fortify Rights ၊HRW ၊ IIMM အဖွဲ့ တွေ အပါအဝင် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ကိုနေဆန်းလွှင် နဲ့ စစ်ကော်မရှင် တို့က ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံကျေးရွာ အတွင်းမှာ အာရက္ခတပ်တော်က မွတ်ဆလင်ရွာသား ၆၀၀ ကျော်ကို အစုလိုက် အပြုံလိုက်လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်လို့ ထုတ်ပြန်ကာစွပ်စွဲပြောဆိုခဲ့ကြပါတယ်။

အခုလို လုပ်ကြံဖန်တီးဝါဒဖြန့်မှုတွေ နဲ့ ပြောဆိုတာဟာ ဒေသအတွင်း အတူနေတဲ့ ရခိုင် နဲ့ မွတ်ဆလင်လူမျိုးတွေအကြားမှာသဟဇာတဖြစ်ရေး၊အတူယှဉ်တွဲနေထိုင်ရေးကို ထိခိုက်ပျက်ပြားစေရုံမက အမုန်းအာဃာတတွေ အထင်အမြင်လွဲမှားမှုတွေ မယုံကြည်မှုတွေကိုဖြစ်ပေါ်လာအောင်အတွက် နိုင်ငံရေး ရည်ရွယ်ချက်ရှိရှိ နဲ့ လူမျိုး ၂မျိုးကို မသင့်မြတ်အောင်ရန်တိုက်ပေးတာသာဖြစ်တယ်လို့ မွတ်ဆလင်ဘာသာရေးခေါင်းဆောင်တွေ နဲ့ မွတ်ဆလင်အသိုင်းအဝိုင်းတွေက ပြောထားပါတယ်။

ဒါ့အပြင် အခုလို ပြည်ပရောက်နိုင်ငံရေးသမား အရေခြုံကိုယ်ကျိုးရှာသူတွေ ဘက်လိုက်တဲ့ သတင်းဌာနတချို့ က နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ နဲ့ လုပ်ကြံဖန်တီးဝါဒဖြန့်ချီမှုတွေကိုလည်း မောင်တောခရိုင် မွတ်ဆလင်ဘာသာဝင်အကြီးအကဲများ နဲ့ လူမှုအသိုင်းအဝိုင်ခေါင်းဆောင်တွေက လုံးဝကန့်ကွက်ရှုတ်ချတယ်လို့ ဆိုထားပါတယ်။

စစ်ကော်မရှင် နဲ့ လူအခွင့်အရေးအဖွဲ့တွေ စွပ်စွဲပြောဆိုနေတဲ့ အဲဒီ တန်းလျှောက်ခံ ကျေးရွာ အတွင်းမှာ ရှိနေတဲ့ အရိုးစုတွေဟာလည်း လူအခွင့် အရေးအဖွဲ့တွေ နဲ့ စစ်ကော်မရှင်တွေ ဖော်ပြသလို မွတ်ဆလင် ၆၀၀ ကျော်ရဲ့ အရိုးစုတွေ မဟုတ်ဘဲ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းက သေဆုံးသွားတဲ့ စစ်ကော်မရှင်တပ်သားတွေ ရဲ့ အရိုးစုတွေသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တန်းလျှောက်ခံရွာတွင် ၂၀၂၃ ခုနှစ် စစ်ကော်မရှင် (လဝက)ရဲ့ လူဦးရေစာရင်းဖော်ပြချက်အရ အဲဒီကျေးရွာ အတွင်းမှာ အိမ်‌ခြေ ၁၁၄ ဆောင် လူဦးရေ ၉၃၃ ဦးရှိပြီး တော့ လက်ရှိမှာတော့ အဲဒီကျေးရွာ အတွင်းမှာ လူဦးရေ ၇၉၀ ဦးနေထိုင်နေသလို ပြည်ပကို ထွက်ခွါသွားသူ ကတော့ ၁၃၈ ဦး ရှိပြီးတော့ စုစုပေါင်း လူဦးရေကတော့ ၉၂၈ ဦး ရှိတဲ့ ကျေးရွာ တစ်ခုလည်း ဖြစ်ပါတယ်။

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here