ဒီနှစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ကနေ ဧပြီလအထိ ရက်ပေါင်း ၁၂၀ အတွင်းမှာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးသူ ၆၂၁ ဦး နဲ့ ဒဏ်ရာရရှိသူ ၁၂၇၂ ဦးထိရှိခဲ့ရှိခဲ့ရတယ်လို့ Nyan Lynn Thit Analytica အဖွဲ့က မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်အုပ်စု အနေ နဲ့ ဒီ ၄ လတာကာလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၉၁၆ ခုထိလုပ်ဆောင်ခဲ့တာ ရှိခဲ့ပြီးတော့ ပျမ်းမျှ အနေ နဲ့ တရက်ကို လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် အနည်းဆုံး ၇ ခု ထိလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၉၁၆ ခုထဲက ၆၂ ရာခိုင်နှုန်းကျော်ဟာ အရပ်သားကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့တာဖြစ်တဲ့ အတွက် လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးသူ ၆၂၁ ဦး၊ ဒဏ်ရာရရှိသူ ၁၂၇၂ ဦး ရှိခဲ့တဲ့ ဘာသာရေးအဆောက်အအုံ ၉၀ ခု၊ စာသင်ကျောင်း ၃၉ ကျောင်း နဲ့ ဆေးရုံ၊ ဆေးခန်း ၂၀ ထိ အနည်းဆုံးပျက်စီးခဲ့တာလည်းရှိခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်အုပ်စုရဲ့လေကြောင်တိုက်ခိုက်တာကို ခံခဲ့ရတဲ့ နေရာတွေထဲမှာ ကချင်ကို ၉၉ ကြိမ် နဲ့ သေဆုံးသူ ၅၃ ဦး ဒဏ်ရာရသူ ၅၀ ဦး၊ကရင်ကို ၆၃ ကြိမ် နဲ့ သေဆုံးသူ ၂၄ ဦးဒဏ်ရာရသူ ၅၄ ဦး၊ကရင်နီ ၁၈ ကြိမ် နဲ့ သေဆုံးသူ ၁၇ ဦး ဒဏ်ရာရသူ ၃၄ ဦး၊ချင်းကို ၄၆ ကြိမ် နဲ့ သေဆုံးသူ ၁၆ ဦး ဒဏ်ရာရသူ ၃၃ ဦး၊စစ်ကိုင်းကို ၁၄၉ ကြိမ် နဲ့ သေဆုံးသူ ၁၄၃ ဦးဒဏ်ရာရသူ ၃၄၅ ဦး၊တနင်္သာရီကို ၄၅ ကြိမ် နဲ့ သေဆုံးသူ ၁၀ ဦးဒဏ်ရာရသူ ၂၉ ဦး၊ပဲခူးတိုင်း အရှေ့ နဲ့ အနောက်ကိုတော့ ၇၃ ကြိမ် နဲ့ သေဆုံးသူ ၁၇ ဦး ဒဏ်ရာရသူ ၄၆ ဦး၊မကွေးကိုတော့ ၈၄ ကြိမ် နဲ့ သေဆုံးသူ ၆၀ ဦး ဒဏ်ရာရသူ ၁၂၇ ဦး၊မန္တလေးကိုတော့ ၁၂၅ ကြိမ် နဲ့ သေဆုံးသူ ၂၈၀ ဦး၊မွန်ကိုတော့ ၁၃ ကြိမ် နဲ့ သေဆုံးသူ ၃ ဦး ဒဏ်ရာရသူ ၂၁ ဦး၊ရခိုင်ကိုတော့ ၆၉ ကြိမ် နဲ့ သေဆုံးသူ ၈၉ ဦး ဒဏ်ရာရသူ ၁၆၀ ဦး၊ရှမ်းပြည် တောင် နဲ့ မြောက်ကိုတော့ ၇၆ ကြိမ် နဲ့ သေဆုံးသူ ၄၈ ဦး ဒဏ်ရာရသူ ၉၁ ဦး ရှိပြီးတော့ ဧရာဝတီတိုင်းကိုတော့ ၅၆ ကြိမ် နဲ့ သေဆုံးသူ ၁၁ ဦး နဲ့ ဒဏ်ရာ ရရှိသူ ၂ ဦးရှိခဲ့တာလည်း ဖြစ်ပါတယ်။
စစ်အုပ်စုဟာ အခုလို အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပြင် ဒရုန်း နဲ့ အင်ဂျင်တပ်လေထီးအသုံးပြုတာတွေကိုလည်း လုပ်ဆောင်ခဲ့တာကိုလည်း လုပ်ဆောင်ခဲ့တာ ရှိခဲ့သေးတယ်လို့ Nyan Lynn Thit Analytica ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါသေးတယ်။
ဒီ ၂၀၂၅ ခုနှစ်၊ ဇန်နဝါ ရီလကနေပြီးတော့ ဧပြီ လအတွင်းမှာ စစ်အုပ်စုက အရပ်သား တွေကို ပစ်မှတ်ထားတဲ့ ဒရုန်း အသုံး ပြုတိုက် ခိုက်မှုဖြ စ်စဥ်ပေါင်း ၁၄၂ ခု လုပ်ဆောင်ခဲ့တာရှိခဲ့ပြီးတော့ ပဲခူး (အရှေ့ ) တွင် ၂၆ ခု၊ ရှမ်း (တော င်) မှာ ၂၂ ခု၊ စစ်ကိုင်း မှာ ၁၈ ခု၊ ရခိုင်မှာ ၁၈ ခု၊ ကချင်မှာ ၁၁ ခု၊ မွန်မှာ ၁၁ ခု၊ ကရင်မှာ ၁၀ ခု၊မကွေးမှာ ၉ ခု၊ ရှမ်း (မြော က်) မှာ ၇ ခု၊ တနင်္သာ ရီမှာ ၅ ခု၊ မန္တလေး မှာ ၃ ခု၊ ပဲခူး (အနော က်)နဲ့ ဧရာ ဝတီတို့မှာ ၁ ခု စုစုပေါင်း ဒရုန်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၁၄၂ ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီဒရုန်းတိုက်ခိုက်မှု ဖြစ်စဉ်ပေါင်း ၁၄၂ ကြိမ်ထဲမှာ အရပ်သားသေ ဆုံးသူ ၃၀ ဦး ၊ ဒဏ်ရာ ရရှိသူ ၉၇ ဦးထိရှိခဲ့ပြီးတော့ သေဆုံးသူ ၃၀ ဦးထဲမှာ ကလေးငယ် ၂ ဦးပါဝင်ပြီးတော့ ဒဏ်ရာရသူ ၉၇ ဦးထဲမှာလည်း ကလေးငယ် ၇ ဦးပါဝင်တယ်လို့ဖော်ပြထားပါတယ်။
အဲဒါတွေအပြင် ဒရုန်းတိုက်ခိုက်မှုကြောင့် အနည်း ဆုံး ဘာ သာ ရေး အဆော က် အအုံ ၅ ခု၊စာ သင်ကျော င်း ၂ ကျော င်း နဲ့ ဆေး ရုံ၊ ဆေး ခန်း ၁ ခု တို့ထိခိုက်ပျက်စီး ခဲ့တာ ရှိခဲ့တဲ့ အပြင် ပြ ည်သူပိုင်နေ အိမ်တွေ၊ယာ ဉ်တွေ ၊ ကျွဲ၊ကျွဲနွား တိရစ္ဆာ န်တွေ နဲ့ စိုက်ခင်းတွေလည်း အများအပြားပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
နောက်တစ်ခု အနေ နဲ့ကတော့ စစ်အုပ်စုကနေပြီးတော့အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့ အင်ဂျင်တပ်လေ ထီးအသုံး ပြု တိုက်ခိုက်မှုဖြ စ်စဥ်ပေါင်း ၇၆ ခု ကိုလည်း ဒီ ၄ လတာ အတွင်းမှာကျူး လွန်ခဲ့တာ ရှိခဲ့ပြီးတော့ ဒီဖြစ်စဉ် ဖြစ်ပွါးခဲ့တဲ့ နေရာတွေကတော့ စစ်ကိုင်းမှာ ၃၈ ခု၊မန္တလေး မှာ ၂၃ ခု၊ မကွေး မှာ ၁၂ ခု၊ ပဲခူး (အနော က်)မှာ၂ ခု နဲ့ ဧရာဝတီမှာ ၁ ခုရျိခဲ့တယ်လို့ ဖိုပါတယ်။
ဒီအင်ဂျင်တပ်လေ ထီး အသုံး ပြုတိုက်ခိုက်မှုကြောင့် အရပ်သား သေ ဆုံး သူ ၅၄ ဦး ၊ ဒဏ်ရာရရှိသူ ၇၉ ဦး ရှိခဲ့တဲ့ အပြ င် အနည်း ဆုံး ဘာ သာ ရေးအဆော က်အအုံ ၅ ခု နဲ့ စာ သင်ကျော င်း ၄ ကျော င်းထိခိုက်ပျက်စီး ခဲ့ရသလို ပြ ည်သူပိုင်နေ အိမ်တွေ ၊ယာ ဉ်တွေ ၊ ကျွဲ၊နွား တိရစ္ဆာ န်တွေ နဲ့ စိုက်ခင်းတွေလည်း ထိခိုက်ပျက်စီးတာ အများ အပြား ရှိခဲ့တယ်လို့ ဆိုပါတယ်။





**mitolyn**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.