Home လူ့အခွင့်အရေး NUG အနေ နဲ့ မွတ်ဆလင်တွေ တရားမျှတမှုအတွက် အတူတကွ တစိုက်မတ်မတ်ရပ်တည်နေတယ်လို့ဆို

NUG အနေ နဲ့ မွတ်ဆလင်တွေ တရားမျှတမှုအတွက် အတူတကွ တစိုက်မတ်မတ်ရပ်တည်နေတယ်လို့ဆို

131
0
ဓာတ်ပုံ - Dhaka Tribume

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေ နဲ့ မွတ်ဆလင်တွေ တရားမျှတမှုအတွက် တစိုက်မတ်မတ်မြဲမြံစွာ ရပ်တည်လျက်ရှိနေတယ်လို့ ဒီနေ့ ဩဂုတ်လ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ဒီပြောဆိုချက်ကို ဒီနေ့ ဩဂုတ်လ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်ကာ မွတ်ဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု နဲ့ စစ်ရာဇဝတ်မှု အဋ္ဌမမြောက်နှစ်ပတ်လည်နေ့ ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားတာလည်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ (၂၀၁၇) ခုနှစ်မှာ မွတ်ဆလင်တွေကို ရက်စက်ကြမ်း ကြုတ်စွာ အကြမ်းဖက်ခဲ့ပြီးတော့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ အတွက် ဒီလုပ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အပြင်းအထန် ရှုတ်ချပြီးတော့ ထိခိုက်ခဲ့ရတဲ့ ရိုဟင်ဂျာပြည်သူတွေ နဲ့ အတူ ထပ်တူခံစားရတယ်ဆိုတာကို သဘောထားတွေ ထုတ်ပြန်ပြီးတော့ တရားမျှတမှုအတွက်ကိုလည်းမွတ်ဆလင်ပြည်သူတွေ နဲ့ အတူ တစိုက်မတ်မတ် မြဲမြံစွာ ရပ် တည်လျက် ရှိနေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှု ခံခဲ့ရတဲ့ သိန်းနဲ့ ချီတဲ့ မွတ်ဆလင်တွေဟာလည်း တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နေရပ်စွန့်ခွာပြီးတော့ ထွက်ပြေးခဲ့ရတာဟာ ၈ နှစ်တိုင်တိုင်ရှိနေပြီးဖြစ်ပေမယ့် လက်ရှိအချိန်ထိ မွတ်ဆလင်တွေ အနေ နဲ့ နေရပ်ပြန်ခွင့်မရသေးတဲ့ အပေါ်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ အနေ နဲ့ များစွာ စိတ်မသက်မသာ ဖြစ်ရတယ်လို့ဆိုထားပါတယ်။

လပ်ရှိမှာလည်း အခြေအနေအရပ်ရပ်ကြောင့် မွတ်ဆလင်တွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေ ရှိနေသေးဒါကြောင့် ဒီအခြေအနေကိုလည်း စိုးရိမ်ပူပန်ရတယ်လို့ဆိုပါတယ်။ဒါ့အပြင့် အမျိုးသားညီ ညွတ်ရေးအစိုးရအနေ နဲ့ “ရိုဟင်ဂျာမူဝါဒ” တစ်ရပ်ကို ထုတ်ပြန်ထားပြီးတော့ အဲဒီမူဝါဒ နဲ့ အညီ ရပ်တည် ဆောင်ရွက်နေတယ်လို့ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေ နဲ့ စစ်အုပ်စုကို အမြစ်ပြတ် ချေမှုန်းနိုင်မှသာ မွတ်ဆလင် အပါအဝင် ပြည်သူတရပ်လုံး လူ့အခွင့်အရေး၊ တရားမျှတရေး ရရှိမှာဖြစ်တဲ့ အတွက် ကိုယ်စွမ်းဉာဏ်စွမ်း အပြည့် အဝစိုက်ထုတ်ပြီးတော့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်အသိပေးထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here