Home လူ့အခွင့်အရေး မွတ်ဆလင်တွေ အနေ နဲ့ နိုင်ငံတကာအားကိုး နဲ့ ဆက်မိုက်ဖို့ကြိုးစာနေရင် အပြန်လမ်းချောမွေ့မှာမဟုတ်ဘူးလို့ စာရေးဆရာ ကိုဝေဟင်အောင် သတိပေး

မွတ်ဆလင်တွေ အနေ နဲ့ နိုင်ငံတကာအားကိုး နဲ့ ဆက်မိုက်ဖို့ကြိုးစာနေရင် အပြန်လမ်းချောမွေ့မှာမဟုတ်ဘူးလို့ စာရေးဆရာ ကိုဝေဟင်အောင် သတိပေး

133
0

ဘင်္ဂလားဒေ့နိုင်ငံ ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေကြတဲ့ မွတ်ဆလင်တွေ အနေ နဲ့ နိုင်ငံတကာအားကိုး နဲ့ ဆက်မိုက်ဖို့ကြိုးစာနေရင် အပြန်လမ်းချောမွေ့မှာမဟုတ်ဘူးလို့ ရခိုင်က လူမှုကူညီရေး လုပ်ငန်းကို လုပ်ကိုင်နေသူ တစ်ဦးလည်းဖြစ် စာရေးဆရာလည်းဖြစ်တဲ့ ကိုဝေဟင်အောင် ဒီနေ့ဪဂုတ်လ ၂၅ ရက်နေ့မှာ သူရဲ့ လူမှုကွန်းယက်စာမျက်နှာက နေပြီးတော့ ရေးသားကာ သတိပေးပြောဆိုလိုက်ပါတယ်။

လူမှုကူညီရေးလုပ်ငန်းလုပ်ငန်းနေသူ တစ်ဦးလည်းဖြစ်၊စာရေးဆရာ တစ်ဦးလည်းဖြစ်တဲ့ ကိုဝေဟင်အောင်ပြောဆိုထားတာက “မင်းတို့ ခေါင်းဆောင်ဆိုသူတွေက ဘုမသိ ဘမသိတဲ့ မွတ်ဆလင်လူအုပ်ကို အသုံးချပြီးတော့ နင်းချေ အသုံးနေတာက အဲဒီလူအုပ်အတွက် အင်မတန် အန္တရာယ်ကြီးတယ်နော်..။ အသုံးချတယ်ဆိုတာ တော်ရုံပဲ ကောင်းတယ်..။ နိုင်ငံတကာ အားကိုးနဲ့ ဆက်မိုက်ဖို့ ကြိုးစားရင် မင်းတို့ရဲ့ အပြန်ခရီးက မ​ချော​မွေ့နိုင်သလို ​နောက်ဆက်တွဲက မ​ကောင်းနိုင်ဘူး​နော်”လို့ သတိပေးပြောဆိုထားတာလည်းဖြစ်ပါတယ်။

ဒီနေ့ ဩဂုတ်လ ၂၅ ရက်နေ့ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်က မွတ်ဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု နဲ့ စစ်ရာဇဝတ်မှု အဋ္ဌမမြောက်နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

အဲဒီလိုနေမှာဘဲ ဘင်္ဂလားဒေ့်ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေရှိနေကြတဲ့ မွတ်ဆလင်တွေဟာ အာရက္ခတပ်တော်ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို အလိုမရှိကြောင်း ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့သလို နွေးဦးတော်လှန်ရေး ရဲ့ မိတ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ NUG အစိုးရကိုလည်း မလိုဘူးလို့ ဆန္ဒပြခဲ့မှုတွေလည်း ရှိခဲ့တာကြောင့် ဒီမွတ်ဆလင်တွေ အနေ နဲ့ ဘာဖြစ်ချင်နေတာလည်းဆိုတာကိုလည်း မေးခွန်းထုတ်စရာဖြစ်လာတယ်လို့ ကိုဝေဟင်အောင်က ပြောဆိုထားပါတယ်။

“မင်းတို့က ရခိုင်မြေကိုလည်း ပြန်လာချင်သေးတယ်လို့ တောင်းဆိုတယ်..။ အခု ရခိုင်တွေနဲ့ အကြီးမြတ်ဆုံးသော ခေါင်းဆောင်ကို မလိုဘူးလို့လည်း ဆိုထားသေးတယ်..။ ပုံစံမျိုးစုံနဲ့ စော်ကား ပြတယ်..။ ငြိမ်းငြိမ်း ချမ်းချမ်းလည်း နေချင်သေးတယ်လို့လည်း ဆိုပြန်တယ်..။ ဒါပေမဲ့ မင်းတို့က လူမှုသဟဇာတကျရေးကိုကျပြန်တော့ တခွန်းမှ မဟဘူး..။ ဒီ့အပြင် မင်းတို့ကို တော်လှန်ရေးရဲ့ မိတ်ဖက်ဖြစ်တဲ့ NUG အစိုးရကိုလည်း မလိုဘူးလို့ ဆန္ဒပြတဲ့အထဲမှာ တွေ့ရသေးတယ်..။ ဒါဆိုရင် မင်းတို့က ဘာဖြစ်ချင်တာလဲ မင်းအောင်လှိုင် အုပ်ချုပ်မှုအောက်မှာဘဲ နေချင်ကြတာလားဆိုတဲ့မေးခွန်းမေးရတော့မှာဖြစ်တယ်လို့”သူက မေးခွန်းထုတ်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် က ဘူးသီးတောင် – မောင်တောမှာ မွတ်ဆလင်တွေကို လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရပြီး တဖက်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ မွတ်ဆလင်တွေ ကျပ်ကျပ်တည်းတည်းနေထိုင်နေကြရတာ ကိုယ်ချင်းစာ သလို ဒီနေ့မှာကျရောက်တဲ့ လူမျိုးတုံးသတ်ဖြတ်ခံရမှု ၈ ကြိမ်မြောက် အခမ်းအနားတွေကို တပါတည်း စောင့်ကြည့်နေခဲ့တယ်ဆိုတာကိုလည်း မမေ့ဖို့ လိုတယ်လို့လည်း ကိုဝေဟင်အောင်က ဆိုထားပါတယ်။

ဒီနေ့ ဩဂုတ်လ ၂၅ ရက်နေ့ဟာ မွတ်ဆင်တွေကိုပဲ အကြမ်းဖက် လူမျိုးတုံးသတ်ဖြတ်ခံခဲ့ရတာမဟုတ်ဘဲ အကြမ်းဖက် ARSA အဖွဲ့တွေသတ်ဖြတ်တာကို ခံခဲ့ကြရတဲ့ မောင်တောဒေသက ဟိန္ဒူလူမျိုးတွေ၊ရခိုင်တွေ၊ မြိုလူမျိုးတွေနဲ့ တခြားသော လူမျိုးစုတွေပါ ရောပြီးတော့ အသတ်ခံလိုက်ရတာတွေ ရှိခဲ့ဒါကြောင့် ဒီအတွက်လည်း အမှန်စိတ်မကောင်းဖြစ်ရတယ်ဆိုတာကို ပြောချင်တယ်လို့လည်း သူရဲ့ လူမှုကွန်ယက်ကနေတဆင့် ရေးသားကာ ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here