ဒီနေ့ သြဂုတ်လ ၂၅ ရက်နေ့ဟာ မောင်တောမြို့နယ် အတွင်းမှာနေထိုင်နေကြတဲ့ ဟိန္ဒူဘာသာဝင် ၁၁၃ ဦးကို အကြမ်းဖက် ARSA အဖွဲ့က အစုလိုက် အပြုံလိုက်သတ်တာကိုခံခဲ့ရတဲ့ ၈ နှစ်ပြည့်နေ့လည်းဖြစ်ပါတယ်။



ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊သြဂုတ် ၂၅ ရက်နေ့မှာ အကြမ်းဖက် မွတ်ဆလင်လက်နက်ကိုင် ARSA အဖွဲ့တွေဟာ မောင်တောမြို့နယ်၊ ခမောင်းဆိပ် နဲ့ ရဲဖော်ကျ ကျေးရွာအတွင်းက အမျိုးသမီး နဲ့ ကလေးငယ်အပါအဝင် ဟိန္ဒူလူမျိုး ၁၁၃ ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာကိုကျူးလွန်ခဲ့ကြတာလည်း ဖြစ်ပါတယ်။



ဒီလို အစုလိုကိအပြုံလိုက်သတ်ဖြတ်ခံခဲ့ရမှုဟာ ဒီနေ့ဆိုရင် ၈ နှစ်မြောက် ရှိလာနေပြီဖြစ်ပြီးတော့ ဒီနေ့မှာ မတရားသတ်ဖြတ်တာကို ခံခဲ့ရပြီးတော့သေ ဆုံးသွားတဲ့ သူတွေကို အောက်မေ့ဖွယ် အခမ်းအနားကို လုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒီနေ့အခမ်းအနားကိုတော့ ဖက်သတ်ဖြတ်ခံခဲ့ ရတဲ့ ဟိန္ဒူ ၁၁၃ ဦးရဲ့ မိသားစုဝင်တွေ အပါအဝင် ဟိန္ဒူရေးရာကော်မတီတွေ နဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရီးအဖွဲ့ဝင်တွေ ၊ ULA/AA တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။








