မြို့သိမ်းတိုက်ပွဲအတွင်းက ဖမ်းဆီးရမိထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ရဲ့ သုံ့ပန်း မိသားစုဝင် ၄၄ ဦးကို အာရက္ခတပ်တော်က မနေ့က ဩဂုတ်လ ၂၅ ရက်နေ့မှာပြန်လွှတ်ပေးခဲ့တယ်လို့ အာရက္ခတပ်တော် နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကပြောပါတယ်။
ပြန်လွှတ်ပေးလိုက်တဲ့သူတွေထဲမှာတော့ အမျိုးသမီးတွေ နဲ့ ကလေးငယ်တွေ အများဆုံးပါဝင်တယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ မြို့သိမ်းတိုက်ပွဲအတွင်းက ဖမ်းဆီးရမိထားတဲ့ သုံ့ပန်းတွေ နဲ့ သုံ့ပန်းမိသားစုဝင်တွေကို လူသားချင်းစာနာထောက် ထားတဲ့အနေနဲ့ ပြန်လွှတ်ပေးတာဟာ ၉ ကြိမ်မြောက်အထိရှိလာနေပြီလည်း ဖြစ်ပါတယ်။
အာရက္ခတပ်တော်အနေ နဲ့ မြို့သိမ်းတိုက်ပွဲအတွင်းက ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို နိုငိငံတကာ စစ်သုံ့ပန်းဥပဒေ နဲ့ အညီဆောင်ရွက်ထားပြီးတော့ ပြစ်မှုတစုံတစ်ရာ မရှိတဲ့ သုံ့ပန်းတွေကို စစ်ဆေးမေးမြန်းပြီးတော့ ပြန်လွှတ်ပေးတာလည်း ဆက်တိုက်ရှိနေပါတယ်။
လက်ရှိမှာတော့ အာရက္ခတပ်တော်ဟာ မြို့သိမ်းတိုက်ပွဲ အတွင်းက ဖမ်းဆီးရမိခဲ့တဲ့ သုံ့ပန်းတွေ နဲ့ သုံ့ပန်းမိသားစုဝင် စုစုပေါင်း ၁၈၀၀ ကျောအထိကိုပြန်လွှတ်ပေးခဲ့ပြီလည်းဖြစ်ပါတယ်။




