မြောက်ဦးမြို့၊ဒိုင်းကျီရပ်ကွက်ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ တဆင့် ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တဲ့ အတွက် အရပ်သား ၁၀ ကျော် သေဆုံးပြီးတော့ ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိနေတယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။



ဒီတိုက်ခိုက်မှုကို စစ်ကော်မရှင်တပ်က ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့ ည ၁၁ နာရီခွဲလောက်မှာတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
သေဆုံးဒဏ်ရာရသူတွေထဲမှာ အမျိုးသမီး နဲ့ ကလေးငယ်အများစုလည်းပါဝင်တယ်လို့ ဆိုပါတယ်။
သတင်းကိုဆက်လက်တင်ပြပေးပါမယ်။





I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.