ဒီနေ့ ဩဂုတ်လ ၂၆ ရက်နေ့ တစ်ရက်တည်းမှာဲ စစ်ကော်မရှင်တပ်က ရခိုင်က မြို့နယ် ၂ ခုထိကိုလေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။
အဲဒီလို စစ်ကော်မရှင်တပ်တွေ ရဲ့ ကြောင်းတိုက်ခိုက်တာကို ခံခဲ့ရတဲ့ မြိုနယ်တွေကတော့ ရခိုင်က မင်းပြားမြို့အတွင်းက ကျောက်ခုပ်ကျေးရွာ နဲ့ ပေါက်တောမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ မင်းပြားမြို့နယ် အတွင်းက ကျောက်ခုပ်ကျေးရွာကိုဒီနေ့ ညနေ ၃ နာရီကျော်လောက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကို လုပ်ဆောင်ခဲ့တာ ဖြစ်ပြီးတော့ ပေါက်တောမြို့နယ်ကိုတော့ ညနေ ၅ နာရီကျော်လောက်မှာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မင်းပြားမြို့နယ်ထဲက ကျောက်ခုပ်ကျေးရွာမှာတော့ စစ်ကောင်စီကြဲချခဲ့တဲ့ ဗုံးသီးတွေဟာ ကျေးရွာ အနီးမှာ ရှိတဲ့ လယ်ကွင်းတွေမှာ ကျရောက်ပေါက်ကွဲတာ ရှိပြီးတော့ အရပ်သား ထိခိုက်သေဆုံးတာ မရှိဘူးလို့ ကျောက်ခုပ်ကျေးရွာ နဲ့ အဆက်အသွယ် ရရှိသူ တစ်ဦးက အခုလိုပြောပါတယ်။
“ထိခိုက်မှု မရှိဘူးလို့ ပြောပါတယ်။လယ်ကွင်းတွေကို ကျတာလို့ပြောပါတယ်။အခုလူတွေကတော့ ဘေးလွတ်နေရာတွေကို ပြောင်းသွားကြပါပြီ”လို့ သူကပြောပါတယ်။
ပေါက်တောမြို့နယ်အတွင်းမှာတော့ စစ်ကော်မရှင်တပ်တွေ လေကြောင်းကနေတဆင့် ကြဲချတိုက်ခိုက်ခဲ့တဲ့ ဗုံးတွေဟာ ပေါက်တော နဲ့ တောင်ညိုကားလမ်းကြားတွေမှာ ကျရောက်ပေါက်ကွဲတာ ရှိခဲ့ပြီးတော့ ထိခိုက်ပျက်စီးမှု ရှိမရှိဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။
အဲဒီလို စစ်ကော်မရှင်တပ်က ပေါက်တောမြို့ကို လေကြောင်းတိုက်ခိုက်မှု လုပ် ဆောင်ခဲ့ပြီးတဲ့ နောက်မှာတော့ စစ်တွေမှာ ရှိနေတဲ့ စစ်ကော်မရှင်တပ်တွေက လက်နက်ကြီးတွေ နဲ့ ရမ်းသမ်းပစ်ခတ်တာတွေကို လုပ်ဆောင်ခဲ့ပြီးတော့ လက် ရှိ ညနေ ၇ နာရီလောက်ထိ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ လက်နက်ကြီးတွေ နဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်တာတွေကို လုပ်ဆောင်နေတယ်လို့ စစ်တွေ ဒေသခံတစ်ဦးက ပြောပါတယ်။
“ညနေ ၆ နာရီကျော်လောက်မှာ လက်နက်ကြီးတွေ နဲ့ အပြန်အလှန်ပစ်နေကြတာပါ။ အမှတ် (၃၆) ရဲတပ်ရင်းက ပစ်တာပါ ဟိုဘက်ကလည်း ပြန်ပစ်ပါတယ်။အခုအချိန်ထိတော့ ပစ်နေကြသေးတာဖြစ်တယ်”လို့ သူကပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့ ညည့် ၁၁ နာရီ ၂၅ မိနစ်လောက်မှာ မြောက်ဦးမြို့နယ်အတွင်းက ဒိုင်းကျီရပ်ကွက်ကို လေကြောင်းကနေ တဆင့် ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တဲ့ အတွက် အပြစ်မဲ့ အ ရပ် သား ကလေးငယ် ၅ ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ရပြီးတော့ နောက် ထပ် ပြည်သူ ၂၀ ဦးဟာလည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ရသလို နေအိမ် ၈ ဆောင်ထက်မနည်းဟာလည်းပျက်စီးသွားခဲ့ရပါတယ်။
သတင်း – ဟိန်းဆက်