စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကို ခံခဲ့ရတဲ့ မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက် က နေအိမ်ပျက်စီးသွားတဲ့ ဒေသခံတွေ နဲ့ ဒဏ်ရာရရှိထားပြီး ဆေးကုသနေရတဲ့ ဒေသခံတွေ အတွက် အရေးပေါ်ကူညီထောက်ပံ့မှုတွေ ပေးဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၅ ရက်နေ့ ညည့် ၁၁ နာရီ ၂၅ မိနစ်လောက်မှာ မြောက်ဦးမြို့နယ်အတွင်းက ဒိုင်းကျီရပ်ကွက်ကို လေကြောင်းကနေ တဆင့် ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တဲ့ အတွက် အပြစ်မဲ့ အ ရပ် သား ကလေးငယ် ၅ ဦးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ရပြီးတော့ နောက် ထပ် ပြည်သူ ၂၀ ဦးဟာလည်း အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ရသလို နေအိမ် ၂၀ ကျော်ထက်မနည်းဟာလည်းပျက်စီးသွားခဲ့ရပါတယ်။
အဲဒီထဲက နေအိမ်ပျက်စီးသွားတဲ့ သူတွေ နဲ့ အရေးပေါ်ဆေးကုသခံနေရတဲ့ သူတွေဟာ အခြေခံလူတန်းစားတွေ ဖြစ်ကြတဲ့ အတွက် လက်ရှိ အမိုးအကာအောက်မှာ ပြန်လည်ဝင်ရောက်နေထိုင်ရေး နဲ့ ဆေးကုသတဲ့ နေရာမှာ အရေးပေါ်လိုအပ်မှုတွေကို သုံးစွဲနိုင်ရေးအတွက် အရေးပေါ်ထောက်ပံ့ပေးမှုတွေ လိုအပ်နေတာဖြစ်တယ်လို့ ဒီကိစ္စကို အကူအညီပေးနေတဲ့ မြောက်ဦးဒေသခံ တစ်ဦးကပြောပါတယ်။
“နေအိမ်ပျက်သွားတဲ့ သူတွေကလည်း နေထိုင်ရေးအတွက် အခက်အခဲဖြစ်နေတယ်။အခုကမိုးရာသီကလည်း မကုန်သေးဘူးဆိုတော့။နောက်တစ်ခုက ဒီဆေးကုနေရတဲ့ သူတွေမှာလည်း အရေးပေါ်သုံးစွဲနိုင်ဖို့ အထောက်ပံ့မှုတွေလိုအပ်တယ်။ဒီထဲမှာက အကုန်လက်လုပ်လက်စားတွေဖြစ်နေတော့ အကုန်လုံးက ခက်ခဲနေကြတယ်။ကူညီမယ်ဆိုရင်တော့ ကိုဝေဟင်အောင်တို့လို ပရဟိတလုပ်နေတဲ့သူတွေ ပြီးတော့ HDCO ကနေတဆင့်ကူညီပေးလို့ရပါတယ်”လို့ သူကပြောပါတယ်။
အဲဒါ့ကြောင့် လက်ရှိ အခက်အခဲဖြစ်နေကြရတဲ့ ဒေသခံပြည်သူတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ နဲ့ ပြည်တွင်းပြည်ပမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေက အရေးပေါ်ကူညီထောက်ပံ့မှုတွေကို အတတ်နိုင်ဆုံးလုပ်ဆောင်ပေးကြဖို့ အတွက်ကိုလည်း အကူအညီတောင်းခံတယ်လို့လည်းဆိုပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကို ခံရပြီးတော့ ဗုံးစထိမှန်ဒဏ်ရာ ရသွားခဲ့ရတဲ့ ဒေသခံပြည်သူ ၂၀ ကျော်ထဲမှာ စိုးရိမ်ရတဲ့ လူနာ ၇ ဦးထက်မနည်းရှိနေတာလည်း ဖြစ်တယ်လို့ သိရပါတယ်။





Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?