Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု ရခိုင်မှာ ခုနှစ်လတာ ကာလအတွင်း စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် လူ သုံးရာကျော်သေဆုံးဒဏ်ရာရ

ရခိုင်မှာ ခုနှစ်လတာ ကာလအတွင်း စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် လူ သုံးရာကျော်သေဆုံးဒဏ်ရာရ

172
3

ရခိုင်မှာ ဒီနှစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကပင် ဇူလိုင်လ ၃၁ ရက်နေ့အထိ ၇ လ တာ ကာလအတွင်း စစ်ကော်မရှင်တပ်တွေရဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၃၀၀ ကျော်အဖိ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) သတင်းထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့သူ ကတော့ အသက် ၁၈ နှစ်အောက် ကလေးသူငယ် (၂၆) ဦး အပါအဝင် အရပ်သားပြည်သူ ကျား (၄၂) ဦး၊ မ (၇၃) ဦး စုစုပေါင်း (၁၁၅) ဦး သေဆုံးခဲ့ရပြီးတော့ ထိခိုက်ဒဏ်ရာ ရသူအနေ နဲ့ ကတော့ အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၅၁ ဦး အပါအဝင် အရပ်သားပြည်သူ ကျား (၁၀၅) ဦး၊ မ (၉၉) ဦး စုစုပေါင်း (၂၀၄) ဦး ထိခိုက် ဒါဏ်ရာ ရရှိခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ပလက်ဝဒေဒေသ နဲ့ ရခိုင်က မြို့နယ် ၁၄ ခုအထိကို အာရက္ခတပ်တော်ဆီမှာ လက်လွတ်ဆုံးရှုံးထားရတဲ့ စစ်ကော်မရှင်ဟာ လက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်း တိုက်ခိုက်တော့တာ မဟုတ်ဘဲ လွတ်မြောက်နယ်မြေအတွင်းမှာ နေထိုင်နေတဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခါ စစ်ရာဇဝတ် အမျိုးမျိုးကို နေ့စဉ်ရက်ဆက်ကျူးလွန်နေတာလည်းဖြစ်ပါတယ်။

ဒီလို အပြသ်မဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်တာတွေကို လုပ်ဆောင်နေတဲ့ စစ်ကော်မရှင်တပ်ကို အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ အနေ နဲ့လည်း စစ်ကော်မရှင်အနေ နဲ့ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက် ခိုက်တာတွေကို တားဆီးပေးဖို့ နဲ့ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို အပြစ်ပေးနိုင်ဖို့၊ အရပ်သားပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ကာကွယ်ပေးနိုင်ဖို့ ဆိုတဲ့ ကိစ္စတွေကို အရေးတကြီး ဆောင်ရွက်ကြဖို့ လိုအပ်နေတယ်လို့လည်း HDCO ကတောင်းဆိုထားပါတယ်။

ရက္ခိုင်အများသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ( ULA/AA) အနေ နဲ့လည်း စစ်ကော်မရှင်တပ်တွေ အနေ နဲ့ ရခိုင်အပါအဝင် နိုင်ငံအနှံ့က အပြစ်မဲ့အရပ်သား ပြည်သူတွေကို နေ့စဉ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတဲ့ လုပ်ရပ်တွေကို အပြင်းအထန်ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒီလို စစ်ရာဇဝတ်မှု နဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေတဲ့ လုပ်ရပ်တွေကို သက်ဆိုင်ရာနိုင်ငံတကာအဖွဲအစည်းတွေဆီကို ပေးပို့သွားမှာ ဖြစ်သလို ရက္ခိုင်အများသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ( ULA/AA) အနေ နဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။

3 COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here