Home သတင်း စစ်ရေး ကျောက်ဖြူမြို့အတွင်းက လိပ်ခမော်ကျေးရွာကို အာရက္ခတပ်တော် ပြန်လည် သိမ်းပိုက်

ကျောက်ဖြူမြို့အတွင်းက လိပ်ခမော်ကျေးရွာကို အာရက္ခတပ်တော် ပြန်လည် သိမ်းပိုက်

114
0
ပုံ -အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များမြင်တွေ့ရမှု ။ ပုံဟောင်း

Coastal News Agency

နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွါးနေတဲ့ ကျောက်ဖြူမှာ စစ်ကော်မရှင်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ပြီးတော့ ပြည်လည်သိမ်းယူထားတဲ့ လိပ်ခမော်ကျေးရွာကို အာရက္ခတပ်တော်က ပြန်လည်ထိုးစစ်ဆင်ကာ သိမ်းယူလိုက်ပြီး ဖြစ်တယ်လို့ ကျောက်ဖြူမြို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

လိပ်ခမော်ကျေးရွာကို စစ်ကော်မရှင်တပ်တွေ ဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၄ ရက်နေ့ မှာ ကြည်း၊ရေ၊လေ အပြင် ဒရုန်းတွေ အများအပြားအသုံးပြုပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက် အာရက္ခတပ်တော်ဟာ ဩဂုတ်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ အဲဒီကျေးရွာကနေ တပ်ဆုတ်ပေးခဲ့တာဖြစ်ပြီးတော့ ဒီနေ့ ဩဂုတ်လ ၂၈ ရက်နေ့ ညနေမှာတော့ အာရက္ခတပ်တော်က အဲဒီကျေးရွာကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီနောက် အာရက္ခတပ်တော်ဟာ အဲဒီကျေးရွာကို ဩဂုတ်လ ၂၆ ရက်နေ့မှာဘဲ စစ်ကော်မရှင်တပ်တွေကို ပြန်လည်ကာ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်တာကိုလုပ်ဆောင်ခဲ့ပြီးတော့ ဒီနေ့ ဩဂုတ်လ ၂၈ ရက်နေ့မှာဘဲ အဲဒီကျေးရွာကို ပြန်လည်သိမ်းပိုက်လိုက်တာ ဖြစ်တယ်လို့ အဲဒီကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“တပ်တော်ကို တန်ပြန်ထိုးစစ်ဆင်လို့ အခု လိပ်ခမော်ကို သိမ်းထားတဲ့ စစ်ကော်မရှင်တပ်သားတွေ အကျအရှုံးများစွာ နဲ့ တပ်ပြန်ဆုတ်သွားရတယ်။အာရက္ခတပ်တော်က လိပ်ခမော်ကို ပြန်ရထားပြီးဖြစ်တယ်။ စစ်ကော်မရှင်တပ်သားတွေလည်း တော်တော် အကျအရှုံးများတယ်။အရာရှိပိုင်းတွေ လည်း ထိခိုက်ဒဏ်ရာရတာ တော်တော်များတယ်လို့ သိရတယ်။ တိုက်ပွဲတွေက တော့ ကျောက်ဖြူမှာ ဆက်ပြီးတော့ ဖြစ်နေတုန်းပဲ”လို့ သူကပြောပါတယ်။

ဒါ့အပြင် လိပ်ခမော်ကျေးရွာ အတွင်းမှာ စစ်ကော်မရှင်ဘက်က အရာရှိတချို့ ထိခိုက်ဒဏ်ရာရတာတွေ ရှိသလို့ တပ်အသားအများအပြားလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လိပ်ခမော်ကျေးရွာ တိုက်ပွဲ အတွင်းက ဒဏ်ရာရတဲ့ ရဲဘော်တွေတချို့ကို ကျောက်ဖြူ (၃၄)တပ်ရင်း ယာယီတပ်မတော်စစ်ဆေးရုံမှာ ဆေးကုသပေးနေတာတွေ ရှိနေပြီးတော့ အရာရှိ အကြီးအကဲပိုင်းတချို့ကို လေယာဥ် နဲ့ သယ်ဆောင်ကို ရန်ကုန်ကိုယူသွားတာရှိတယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ ဒီလိပ်ခမော်ကျေးရွာကို အာရက္ခတပ်တော်လက်ထဲကနေ သိမ်းပိုက်ပြီးနောက်မှာ ကျေးရွာ အတွင်းမှာရှိတဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့တဲ့ အတွက် နေအိမ်အများအပြားဟာလည်း မီးလောင်ပျက်စီးသွားခဲ့ရတဲ့ ကျေးရွာတစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – မြတ်သူ။

LEAVE A REPLY

Please enter your comment!
Please enter your name here