Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု စစ်ကော်မရှင်က သီပေါမြို့ကို လေကြောင်းတိုက်ခိုက်လို့ အရပ်သား တစ်ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့ပျက်စီး

စစ်ကော်မရှင်က သီပေါမြို့ကို လေကြောင်းတိုက်ခိုက်လို့ အရပ်သား တစ်ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်တချို့ပျက်စီး

107
0

Coastal News Agency

မနေ့က စက်တင်ဘာလ ၃ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်မှာ စစ်ကော်မရှင်က သီပေါမြို့နယ်အတွင်းက ဘော်ကြို‌ကျေးရွာကို လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်တာကိုလုပ်ဆောင်ခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဘော်ကြို‌ကျေးရွာအတွင်းမှာနေထိုင်နေတဲ့ အသက် (၄၅)အရွယ် ဦးမောင်ဇော် မှာ ဗုံးစထိမှန်ဒဏ်ရာရခဲ့ရပြီးတော့ နောက်ထပ်အရပ်သားပြည်သူနေအိမ် ၃ဆောင်ဟာလည်း ပျက်စီးသွားခဲ့ရတာပါ။

စစ်ကော်မရှင်တပ်တွေဟာ အခုလေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့ ဘော်ကြို‌ကျေးရွာမှာ တိုက်ပွဲတစ်စုံတရာဖြစ်ပွါးတာမရှိဘဲ အရပ်သားပြည်သူတွေကို တမင်ရည်ရွယ်ချက် ရှိရှိ နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း TNLA က ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ တစ်လအတွင်းမှာလည်း စစ်ကော်မရှင်က တအာင်းပြည်အတွင်းက ကျောက်မဲ၊ မိုးကုတ်၊ မိုင်းငေါ့၊ သီပေါ နဲ့ မိုင်းလုံမြို့တွေကို လေ ကြောင်း၊ လက်နက်ကြီး နဲ့ ဒရုန်းနဲံ့ဗုံးကြဲပစ်ခတ်တိုက်ခိုက်တာတွေကိုဆက် တိုက်လုပ်ဆောင်ခဲ့တာရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်မှုကြောင့် ဩဂုတ်လ တစ်လအတွင်းမှာ သံဃာတော်၊ သီလရှင်၊ ကလေးငယ်အပါအဝင် ပြည်သူလူထု (၄၆)ဦးသေဆုံးခဲ့ပြီး နောက်ထပ်အရပ်သားပြည်သူ (၅၅)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရသလို နေအိမ် (၁၀၈)အိမ်၊ အဆောက်အဦး (၂)ခု၊ စာသင်ကျောင်း (၁)ကျောင်း၊ ဘုန်းကြီး ကျောင်း (၁၂) ကျောင်း၊ ကျောင်းဆောင် (၉)ဆောင်၊ ဓမ္မာရုံ (၁)ရုံ၊ ကား (၇)စီးနှင့် ဆိုင်ကယ် (၃)စီးတိုလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တာလည်းရှိခဲ့ရပါတယ်။

နိုင်ငံတဝန်းစစ်ရေးအရှုံး နဲ့ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်တပ်တွေဟာ အရပ်သားပြည်သူတွေနေထိုင်ရနေရာတွေကို လေကြောင်း၊လက်နက်ကြီး၊ဒရုန်းတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို အမြဲလုပ်ဆောင်နေတဲ့ အတွက် ဒီဗုံးကြဲတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့ ပြည်သူတွေ အနေ နဲ့ စစ်ရေးသတိအမြဲ ရှိဖို့လိုအပ်သလို လေကြောင်းရန် ကာကွယ်နိုင်ရေးအတွက် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေကိုလည်း လိုက်နာဆောင်ရွက်ကြဖို့ TNLA ကတိုက်တွန်းထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here