ပလက်ဝ ကနေ အိန္ဒိယနယ်စပ်၊မီဇိုရမ်ပြည်နယ်အထဲကို ဝင်ရောက်သွားလာမယ့်သူတွေကို ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် ULA/AA က (Temporary Border Pass)လို့ခေါ်တဲ့ ယာယီနယ်စပ်လက်မှတ် ထုတ်ပေးနေတာဟာ တစ်ဖက် အိန္ဒိယနိုင်ငံထဲမှာ အသုံးမဝင်ဖြစ်နေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။
(Temporary Border Pass)လို့ခေါ်တဲ့ ယာယီနယ်စပ်လက်မှတ်ကို ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် ULA/AA ရဲ့ နယ်စပ်ဆက်ဆံရေးရုံးရှိရာ ပလက်ဝမြို့နယ်၊ရှင်းလက်ဝကျေး ရွာမှာရှိတဲ့စစ်ဆေးရေးဂိတ်ကနေပြီးတော့ ပြီးခဲ့တဲ့ ဩဂုတ်လ ကတည်းကပင် တစ်စောင်ကို ငွေကျပ် ငါးထောင် နဲ့ထုတ်ပေးနေခဲ့တာလည်း ဖြစ်ပါတယ်။
ဒီ (Temporary Border Pass)လို့ခေါ်တဲ့ ယာယီနယ်စပ်လက်မှတ် ထုတ်ယူတဲ့နေရာမှာ ဓာတ်ပုံ၊ကိုယ်ရေးအချက်အလက်တွေကို ဖြည့်သွင်းကာထုတ်ယူရတာ ဖြစ်တယ်လို့ ခရီးသွားပြည်သူတစ်ဦးက အခုလိုပြောပါတယ်။
“အဲဒီလိုထုတ်ပေးတာနေတာတော့ ဟုတ်ပါတယ် ထွက်တဲ့ လူတိုင်းကတော့ လုပ်ရတယ်။လုပ်တဲ့ အခါမှာ ဖောင်ဖြည့်ရတယ် လိုင်စင်ပုံတစ်ပုံပေးရတယ်။ပြီးတော့ ငွေကျပ်ငါးထောင်သွင်းရတယ်။ဒီဟာကို လုပ်မှ အဝင်အထွက်လုပ်လို့ ရတယ်”လို့ သူကပြောပါတယ်။
ဒီလိုလက်ရှိ ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် ULA/AA က ထုတ်ပေးထားတဲ့ (Temporary Border Pass)လို့ခေါ်တဲ့ ယာယီနယ်စပ်လက်မှတ်ဟာ ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် ULA/AA နဲ့ အိန္ဒိယနိုင်ငံအစိုးရတို့ က တရားဝင် ဝင်ထွက်သွားလာနိုင်ရေးအတွက်ဆိုတဲ့ သဘောတူညီမှု ရရှိပြီးတော့ ထုတ်ပေးထားတာ မဟုတ်ဘဲ ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် ULA/AA ကသာ တစ်ဖက်သတ် အနေ နဲ့ ထုတ်ပေးထားတဲ့ စာရွက် တစ်ခုဖြစ်ပြီးတော့ ဒီစာရွက်ဟာ အိန္ဒိယနိုင်ငံအတွင်းမှာ ဘာမှ အသုံးမဝင်ဘူးလို့လည်း နောက်ထပ် ခရီးသွားပြည်သူ တစ်ဦးက ပြောပါတယ်။
“ဒီဟာကိုက ဒီ ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် ULA/AA နဲ့ အိန္ဒိယအစိုးရက တရားဝင်တွေ့ဆုံဆွေးနွေးပြီး အသိအမှတ်ပြုလို့ ထုတ်ပေးနေတဲ့ စာရွက်တော့မဟုတ်ဘူး။သူက ဘာမှလည်းအသုံးမဝင်ဘူး။ဒီအတိုင်း အာရက္ခတပ်တော်က တစ်ဖက်သတ်ထုတ်ပေးတဲ့ စာရွက်တစ်ခုဖြစ်တယ်။ပလက်ဝဘက်အခြမ်းမှာဆိုရင်တော့ အသုံးဝင်တယ် ဒီဟာကို ပြရင် ပြန်ဝင်လို့ရတယ်။ထွက်လို့ရတယ်။ အိန္ဒိယအစိုးရဆီမှာတော့ ပြမရဘူး။အသိအမှတ်မပြုဘူး”လို့ သူကပြောပါတယ်။
ဒါ့အပြင် လက်ရှိ ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် ULA/AA ရဲ့ နယ်စပ်ဆက်ဆံရေးရုံးက ထုတ်ပေးတဲ့ (Temporary Border Pass)လို့ခေါ်တဲ့ ယာယီနယ်စပ်လက်မှတ် ဟာ ၇ ရက်သာ သက်တမ်းရှိပြီးတော့ နောက်တစ်ကြိမ် ပြန်သွားမယ်ဆိုရင် အသစ်ထပ်မံလုပ်ဆောင်ရတဲ့ လက်မှတ်အမျိုးအစားဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ လအလယ်ပိုင်းလောက်မှာလည်း ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် ULA/AA ရဲ့ နယ်စပ်ဆက်ဆံရေးရုံးက ထုတ်ပေးတဲ့ (Temporary Border Pass)လို့ခေါ်တဲ့ ယာယီနယ်စပ်လက်မှတ် နဲ့ နယ်စပ်ဒေသဖြစ်တဲ့ လာကီကနေ အိန္ဒိယနိုင်ငံ အတွင်းကို ဝင်ရောက်လာသူတွေကို အိန္ဒိယနိုင်ငံအစိုးရက ဖမ်းဆီးကာပြန်လည်ပို့ဆောင်ပေးတာတွေလည်းရှိခဲ့တယ်လို့ ခရီးသွားပြည်သူတွေက ဆိုကြပါတယ်။
အဲဒါကြောင့် ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် ULA/AA အနေ နဲ့ လက်ရှိထုတ်ပေးနေတဲ့ (Temporary Border Pass)လို့ခေါ်တဲ့ ယာယီနယ်စပ်လက်မှတ်ကို ဘယ်အတိုင်းအတာထိ အသုံးပြုကာ သွားလာလို့ ရကြောင်းကို အာမခံချက်တစ်ခုခု နဲ့ ထုတ်ပေးဖို့ လိုအပ်နေတယ်လို့လည်း ခရီးသွားပြည်သူတွေကဆိုကြပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော် ULA/AA အနေ နဲ့ ဒီလက်မှတ်ထုတ်ပေးနေမှု ကိစ္စ နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုသိနိုင်ဖို့ အတွက် CNA အနေ နဲ့ အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားပေးတာတော့ မရှိခဲ့ပါဘူး။




