Home လူ့အခွင့်အရေး (BROUK)အဖွဲ့က AA ခေါင်းဆောင်တွေကိုဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားတရားရုံးမှာ တင်ပြတာကို ဗမာ့တပ်တော်က ရှုတ်ချတယ်လို့ဆို

(BROUK)အဖွဲ့က AA ခေါင်းဆောင်တွေကိုဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားတရားရုံးမှာ တင်ပြတာကို ဗမာ့တပ်တော်က ရှုတ်ချတယ်လို့ဆို

61
0

Coastal News Agency

UK အခြေစိုက် မြန်မာ- မွတ်ဆလင် မည်ခံပြည်ပအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (BROUK) အဖွဲ့အနေ နဲ့ အာရက္ခတပ်တော် – AA ခေါင်းဆောင်တွေကိုဖမ်းဝရမ်းထုတ်ဖို့ အာဂျင်တီးနားတရားရုံးမှာ တင်ပြမှုကို ဗမာ့တပ်တော် – BA အနေ နဲ့ ကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်ပြောဆိုလာပါတယ်။

UK အခြေစိုက် မြန်မာ- မွတ်ဆလင် မည်ခံပြည်ပအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (BROUK) အဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ ရခိုင်မှာ ရှိတဲ့ မွတ်ဆလင်တွေကို အာရက္ခတပ်တော် – AA က လူမျိုးတုံးသတ်ဖြတ်ခဲ့တယ် ဆိုပြီးတော့ တစ်ဖက်သတ်စွပ်စွဲပြောဆိုကာ အာရက္ခတပ်တော် အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် နဲ့ အမိန့်ပေးခိုင်းစေသူများအား ဖမ်းဝရမ်းထုတ်ပေးရေးအတွက် အာဂျင်တီးနားတရားရုံးကို စာပို့တောင်းဆိုခဲ့တာ ရှိခဲ့ပါတယ်။

အဲဒီလို မြန်မာ- မွတ်ဆလင် မည်ခံပြည်ပအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (BROUK) အဖွဲ့ အနေ နဲ့ အာရက္ခတပ်တော် – AA ရဲ့ ခေါင်းဆောင်တွေကိုဖမ်းဝရမ်းထုတ်ဖို့ အတွက် အာဂျင်တီးနားတရားရုံးမှာ တင်ပြခဲ့တဲ့ အပေါ်မှာ ဗမာ့တပ်တော် – BA အနေ နဲ့ ပြင်းထန်စွာရှုတ်ချ သလို ဗမာ့တပ်တော် – BA အနေ နဲ့ နဲ့ အာရက္ခတပ်တော် နဲ့ အတူ ထောက်ခံရပ်တည်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ – ULA/AA ဟာ သူတို့ထိန်းချုပ်ရာဒေသတွေမှာ အတူယှဉ်တွဲနေထိုင်နေကြတဲ့ မွတ်ဆလင်အသိုင်းအဝိုင်အပါအဝင် လူမျိုးခြား၊ဘာသာခြားဒေသခံပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အပြည့် နဲ့ တတ်နိုင်တဲ့ဘက်က ကူညီစောင့်ရှောက်တွေကိုလုပ်ဆောင်ရွက်ပေးနေတယ်ဆိုတာကိုလည်း ဗမာ့တပ်တော် – BA အနေ နဲ့ သိရှိထားပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အာရက္ခတပ်တော် အပေါ်စွပ်စွဲပြောဆိုနေတဲ့ ဘူသီးတောင်မြို့နယ် ၊ထန်းရှောက်ခံကျေးရွာ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့လည်း ဒီဖြစ်စဉ်ဟာ အာရက္ခတပ်တော် အနေ နဲ့ ဒေသခံပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ မရှိခဲ့ကြောင်းကိုလည်း သက်သေတွေ နဲ့တကွ မီဒီယာတွေဆီမှာလည်း ထုတ်ဖော်ရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒါတွေ အပြင် ဒီဖြစ်စဉ်တွေ နဲ့ ပတ်သက်ပြီးတော့ ဖြစ်စဉ်အကြောင်းအရာတွေကို အသေးစိတ်သတင်းယူစုံစမ်းလိုတဲ့ မီဒီယာတွေ နဲ့ လူအခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေကို လာရောက်စုံစမ်းသတင်းယူကြဖို့ကို အာရက္ခတပ်တော် က ပြီးခဲ့တဲ့ သတင်းစာရှင်လင်းပွဲမှာ ဖိတ်ခေါ်ထားသလို ဒီနေရာသို့ သွားမယ့်သူတွေကိုလည်း အာရက္ခတပ်တော် အနေ နဲ့ လုံခြုံရေးပါ စီစဉ်ပေးသွားမယ်လို့ပါ ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here