Home လူမှုစီးပွါးရေး ရခိုင်က စီးပွါးရေးလုပ်ငန်းရှင်တွေ အိန္ဒိယနိုင်ငံထဲမှာ ငွေကြေးလိမ်လည်ခံရမှုတွေ နဲ့ ရင်ဆိုင်နေရ

ရခိုင်က စီးပွါးရေးလုပ်ငန်းရှင်တွေ အိန္ဒိယနိုင်ငံထဲမှာ ငွေကြေးလိမ်လည်ခံရမှုတွေ နဲ့ ရင်ဆိုင်နေရ

99
0
Coastal News Agency

Coastal News Agency

ရခိုင်ကစီးပွါးရေးလုပ်ငန်း ရှင်တွေ အိန္ဒိယနိုင်ငံထဲမှာ ငွေကြေးလိမ်လည်ခံရမှု များစွာရင်ဆိုင်နေကြရတယ်လို့ ရခိုင်ဒေသခံ စီးပွါးရေးလုပ်ငန်းတွေက ပြောပါတယ်။

ဒီလို ငွေကြေးလိမ်လည်ခံရမှု ဖြစ်စဉ်အများစုဟာ ကုန်ပစ္စည်းဝယ်ယူတဲ့ နေရာ နဲ့ ငွေလွဲငွေထုတ် လုပ်တဲ့ နေရာအများစုမှာ အခုလို အလိမ်ခံရမှုတွေ ဖြစ်နေတာလို့ အိန္ဒိယနိုင်ငံထဲမှာ ကိုယ်တိုင်ငွေ အလိမ်ခံဖူးသူ တစ်ဦးဖြစ်တဲ့ ရခိုင်ဒေသခံ တစ်ဦးကအခုလိုပြောပါတယ်။

“ဒီမှာ အခုတော်တော်များများဖြစ်နေတဲ့ ပြသနာက ငွေကြေးလိမ်လည်မှုတွေက တော်တော် များများဖြစ်နေတာပါ။ပစ္စည်မှာရင် ပစ္စည်တန်ဖိုးရဲ့ ၅၀ ရာခိုင်နူန်းကိုက ဒီမှာကြိုတင်ပြီးရှင်းရတယ်။ဒီမှာက အလုပ်က ယုံကြည်မှု နဲ့ လုပ်ရတယ်။ အဲဒီလို ငွေကြိုပေးတဲ့ နေရာမှာ အလိမ်ခံရတာတွေ ရှိတယ်။ နောက်တစ်ခုက ငွေအလွဲအထုတ်လုပ်တဲ့နေရာတွေမှာ အလိမ်ခံရတယ် ကိုယ်က ဒီဘက်က နေပြီးတော့ ငွေလွဲလိုက်တယ် ဟိုဘက်က မထုတ်ပေးဘဲ ထွက်ပြေးသွားတယ် အဲဒီလိုတွေ အလိမ်ခံနေရတာ ဖြစ်တယ်”လို့ သူကပြောပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ၊အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ ရခိုင်က စီးပွါးရေးလုပ်ငန်းတွေ အနေ နဲ့ အခုလို အိန္ဒိနိုင်ငံအတွင်းမှာ ငွေကြေးလိမ်လည်ခံရတာတွေ ရှိနေတဲ့ အတွက် ပစ္စည်းဝယ်ယူတဲ့နေရာမှာ ငွေကြိုပေးတာမလုပ်ဖို့ နဲ့ ငွေကြေးလိမ်လည်ခံခဲ့ရရင်လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ၊အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဆီမှာ အကူအညီတောင်းကာ ဖြေရှင်းကြဖို့ကို အသိပေးပြောဆိုမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင် ပေးနေတာတွေရှိနေတယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ နဲ့ နီးစပ်တဲ့သူတွေ ပြောဆိုချက်တွေ အရ သိရပါတယ်။

အဲဒီလို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ၊အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေ နဲ့ ပစ္စည်းဝယ်ယူတဲ့ နေရာမှာ ငွေကြိုပေးတာမလုပ်ဖို့ အသိပေးပြောဆိုနေတာတွေ ရှိနေပေမယ့် အိန္ဒိယနိုင်ငံ ရဲ့ အရောင်း အဝယ် ဈေးကွက်စနစ်အရ ပစ္စည်တစ်ခုကို ဝယ်ယူမယ်ဆိုရင် ပစ္စည်းတန်ဖိုးရဲ့ ၅၀ ရာခိုင်နူန်းတန်ဖိုးငွေကို ကြိုတင်ပေးသွင်းရတဲ့ အတွက် အဲဒီ ငွေကြိုတင်မပေးဖို့ အသိပေးပြောဆိုမှုကို လိုက်နာဖို့ အခက်အခဲ ရှိနေတယ်လို့လည်း ရခိုင်ကုန်သည်တွေက ဆိုကြပါတယ်။

ဒါ့အပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ၊အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေ နဲ့ ငွေကြေးလိမ်လည်ခံရမှုတွေ နဲ့ ပတ်သက်ပြီး ဝင်ရောက်ဖြေရှင်းပေးတဲ့ နေရာတွေမှာလည်း အိန္ဒိယအစိုးရ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ၊အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ကို တရားဝင်အစိုးရတရပ်အနေ နဲ့ အသိအမှတ်မပြုတဲ့ အတွက် ဖြေရှင်းတဲ့ နေရာမှာ ထိရောက်စွာဖြေရှင်းပေးနိုင်တာကို မတွေ့ရဘူးလို့လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ၊အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဆီမှာ အကူအညီတောင်းခံဖူးသူ တစ်ဦးက သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို အခုလိုပြောပါတယ်။

“ကျနော်တို့ တိုင်ဖူးပါတယ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ၊အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ကလိုက်ပြီးတော့ဖြေရှင်းတာတွေကိုလုပ်ပေးတယ်။ဒါပေမယ့် ထိရောက်မှု မရှိဘူး ဘာဖြစ်လို့လဲ ဆိုတော့ အိန္ဒိယအစိုးရ အနေ နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ၊အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ကို အစိုးရတရပ်အနေ နဲ့ အသိအမှတ်မပြုသေးတာကြောင့် ။ပြီးတော့ စကားပြောတဲ့ နေရာမှာလည်း အိန္ဒိယအစိုးရ ကို ဖိအားပေးပြောလို့မှ မရတာ။ဆိုတော့ ဒီလို နဲ့ ပဲပျောက်သွားတယ် အမှုတွေက”လို့သူကပြောပါတယ်။

အိန္ဒိယနိုင်ငံအတွင်းမှာ စီးပွါးရေးလုပ်ငန်းသွားရောက်လုပ်ကိုင်ကြတဲ့ ရခိုင်က စီးပွါးရေး လုပ်ငန်းရှင်အများစုဟာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ၊အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ဆီမှာ တရားဝင် အခွန်ဆောင်ကာ သွားရောက်အလုပ်လုပ်ကိုင်ကြသူတွေ ဖြစ်ကြပါတယ်။

အဲဒီလိုတရားဝင်အခွန်ဆောင်သွားရောက်သူတွေ အနေ နဲ့ တဖက်နိုင်ငံ အတွင်းမှာ တစ်ခုခုပြသနာရင်ဆိုင်လာရတဲ့ အခါမှာ ထိရောက်စွာဖြေရှင်းမှု မပေးနိုင်တဲ့ အတွက် ရခိုင်က စီးပွါးရေးလုပ်ငန်းရှင်တွေ များစွာအခက်အခဲ တွေ နဲ့ ရင် ဆိုင်နေရတဲ့ အတွက် ဒီလိုရင်ဆိုင်နေရတာတွေကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA ၊အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေ နဲ့ ထိထိရောက်ရောက်ဖြေရှင်းမှုတွေကို လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း စီးပွါးရေးလုပ်ငန်းရှင်တွေက တောင်းဆိုကြပါတယ်။

သတင်း – ဟိန်းဆက်

LEAVE A REPLY

Please enter your comment!
Please enter your name here