ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊အာရက္ခတပ်တော် – ULA/AA စစ်ဦးစီးချုပ် ဗိုလ် ချုပ်ထွန်းမြတ်နိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည် သား ကိုထိန်လင်းတို့ ဟာ မကြာသေးခင် ရက်ပိုင်းကဘဲ အွန်းလိုင်းကတွေ့ဆုံခဲ့တာ ရှိခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် သား ကိုထိန်လင်းက သူ့ရဲ့လူမှုကွန်ယက်ကနေတဆင့် ထုတ်ဖော်ပြောဆိုလာပါတယ်။
အဲဒီလိုတွေ့ဆုံတဲ့ နေရာမှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊အာရက္ခတပ်တော် – ULA/AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် က ဒေါ်အောင်ဆန်းစုကြည် ကို လေစားကြောင်း နဲ့ ကျန်းမာရေး အခြေအနေကိုလည်း စိုးရိမ်ကြောင်းပြောကြားခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည် သား ကိုထိန်လင်းက ပြောဆိုထားပါတယ်။
“မကြာသေးခင်က အာရက္ခတပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်။ မေမေ နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ် ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်”လို့ သူက ရေးသားထားတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ရဲ့ ဖမ်းဆီးတာကို ခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်မလွှတ်ပေးရင်လည်း မြန်မာနိုင်ငံဟာ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးဆိုတာကိုလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊အာရက္ခတပ်တော် – ULA/AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ခိုင်ခိုင်မာမာပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊အာရက္ခတပ်တော် – ULA/AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် နဲ့ ဒေါ်အောင်ဆန်းစုကြည် သား ကိုထိန်လင်းတို့ ဟာ တစ်ဦး နဲ့ တစ်ဦးယုံကြည်ရတဲ့မိတ်ဆွေတွေ အနေနဲ့ရှိနေမှာ ဖြစ်သလို တစ်ဦးကို တစ်ဦး ပံ့ပိုးကူညီတာ လူတိုင်း ဂုဏ်သိက္ခာ နဲ့ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံ ဖြစ်လာဖို့ အတွက်ကို ဆက်လက် ကြိုးပမ်းသွား မယ်ဆိုတာကိုလည်း သဘောတူခဲ့ကြတယ်လို့ ဆိုထားပါတယ်။
ကိုထိန်လင်း အနေ နဲ့ ကလည်း ဒီတွေ့ဆုံမှုမှာ အာရက္ခတပ်တော် အနေ နဲ့ အခုလို အချိန်တိုတိုအတွင်းမှာ ဒီလိုအောင်မြင်မှုတွေ ရလာတဲ့ အပေါ်မှာလည်း အထူး ဂုဏ်ပြုမိတယ်လို့ ပြောဆိုခဲ့ သလို တစ်ဖက်မှာလည်း ရခိုင်ပြည်သူတွေကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနဲ့ စစ်ဘေးရှောင်တွေ နေစဉ် ရင်ဆိုင်ရတဲ့ အခက်အခဲတွေကိုလည်း သူသိခဲ့ရတယ်လို့ ဆိုထားပါတယ်။
အဲဒီလို ရခိုင်ပြည်သူတွေ ရဲ့ ကြံ့ကြံ့ခံတဲ့စိတ် နဲ့ ဇွဲရှိမှု၊သည်းခံမှုတွေကို အတုယူပြီးတော့ မြန်မာနိုင်ငံအနှံ့မှာလည်း ဒီလိုအတူတကွ လက်တွဲလုပ်ဆောင်မှုတွေဟာ အင်မတန်လိုအပ်နေပြီဆိုတာကို သတိပေးနေတယ်လို့ မြင်မိကြောင်းကို သူက ထောက်ပြပြောဆိုထားပါသေးတယ်။




