Home Breaking News ကျောက်တော်ကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲလို့ ကလေး ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ

ကျောက်တော်ကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲလို့ ကလေး ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ

49
0

Coastal News Agency

ဒီနေ့ စက်တင်ဘာလ (၁၂) ရက်၊ မနက် (၁) နာရီ (၀၅) မိနစ်မှာ စစ်ကော် မရှင်တပ်က ရခိုင်ပြည် ကျောက်တော်မြို့နယ်ထဲက သရက်တပင်ကျေးရွာကို လေကြောင်းကနေ တဆင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်လာပါတယ်။

အဲဒီလို စစ်ကော်မရှင်ဆပ်က ကြဲချလိုက်တဲ့ ပေါင် ၅၀၀ ဗုံးသီး နှစ်လုံးဟာ သရက်တပင်ရွာအတွင်းက ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ရှေ့တည့်တည့်ကို ကျရောက်ထိမှန်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒါကြောင့် ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသူ/ကျောင်းသား တွေ နဲ့ အဲဒီအနီးအနားမှာရှိနေတဲ့ ကလေးငယ်တွေကို ထိမှန်ခဲ့တာကြောင့် ကျောင်းသာ / ကျောင်းသူ အပါအဝင် စုစုပေါင်း (၁၈) ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးခဲ့ရပြီးတော့ နောက်ထပ် (၂၀) ကျော်ဟာလည်း အ ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ အာရက္ခတပ်တော် ရဲ့ ကနဦးသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here