စစ်ကော်မရှင်က လွတ်ငြိမ်းချမ်းသာပေးလိုက်တဲ့ AFPပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ဟာ စစ်ကော်မရှင်က ကျင်းပမယ့်ရွေးကောက်ပွဲမှာ စစ်တွေခရိုင် မဲဆန္ဒ နယ် အမှတ် ၃ နေရာကနေပြီးတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဒီနေ့မှာ သတင်းမီဒီယာတွေကို ပြောဆိုလိုက်ပါတယ်။
ရက္ခိုင့်ဦးဆောင်ပါတီ AFPပါတီ ဥက္ကဌဖြစ်တဲ့ ဒေါက်တာအေးမောင် ကို စစ်ကော် မရှင်က သူတို့ကျင်းပပြုလုပ်မယ် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ပြစ်မှုထင်ရှားစီရင်ထားတဲ့ ပြစ်မှု နဲ့ ပြစ်ဒဏ်တွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်လို့ စစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင် ရဲ့ အမိန့် နဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။
အဲဒီလိုစစ်ကော်မရှင်ခေါင်းဆောင် မင်းအောင်လှိုင်က လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးတဲ့ နောက်မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့်စကားကို စတင်ပြောဆိုလာတာလည်းဖြစ်ပါတယ်။
AFPပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ပြောတာက ” ကျွန်တော်က ရခိုင်ပြည်နယ် စစ်တွေခရိုင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်ကနေ နိုင်သူအကုန်ယူ စနစ်ပေါ့ဗျာ၊ မဲဆန္ဒနယ် အမှတ် (၃) ပေါ့၊ အဲဒီကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အနေနဲ့ ပြိုင်ဖို့တော့ရည်မှန်းထားပါတယ်” လို့ပြောပါတယ်။
ဒါ့အပြင် ရခိုင့် ဦးဆောင်ပါတီအနေ နဲ့ မြို့နယ် (၁၇) လုံးမှာ ကိုယ်စားလှယ် (၆၄) ဦးဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ အတွက်ကိုလည်းကြိုးစားဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။
ဒေါက်တာအေးမောင်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က ရာဇဝတ်ကြီးအမှုအမှတ် ၅၀၅ ၊ ပုဒ်မခွဲ(ခ)နှင့် ရာဇဝတ်ကြီးအမှုအမှတ် ၃/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၁၂၂ ၊ ပုဒ်မခွဲ ၁ နဲ့ တရားစွဲဆိုခံခဲ့ပြီးတော့ ထောင်ဒဏ် ၂၀ အထိ ချမှတ်ခံခဲ့ရကာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပြီးတော့ ထောင်ဒဏ် ကျခံဖို့အတွက်ကျန်ရှိနေသေးတဲ့ သူလည်းဖြစ်ပါတယ်။
လက်ရှိမှာလည်း ဒေါက်တာအေးမောင်ဟာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည့်တံခိုင်မြဲရေးဆိုတဲ့ နိုင်ငံတော်ဦးတည်ချက်တွေကို စွဲမြဲစွာ စောင့်ထိန်းမယ်လို့ သန္နိဌာန်ပြုထားပြီးတော့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ ပါဝင်မယ်လို့ ကတိပေးထားခဲ့တာကြောင့် စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက လွတ်ငြိမ်းချမ်းသာ ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ရခိုင်မှာ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ရှိနေပေမယ့် သူတို့ ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ စစ်တွေ ၊မာန်အောင် နဲ့ ကျောက်ဖြူမြို့တွေမှာ လာမယ့် ဒီဇင်ဘာလ ထဲမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အတွက် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။





**mitolyn reviews**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.