စစ်ကော်မရှင်က ဒီမနက် ၁ နာရီကျော်မှာ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ရခိုင်ပြည် ကျောက်တော်မြို့၊သရက်တပင်ကျေးရွာဖြစ်စဥ်မှာ နောက် ထပ်သေဆုံးသူ ၅ ဦးထိရှိလာနေပြီးတော့ သေဆုံးသူပေါင်း သေဆုံးသူ ၂္၃ ဦးထိရှိလာနေပါတယ်။
စစ်ကော်မရှင်ဟာ ကျောက်တော်မြို့ ၊သရက်တပင်မှာ ရှိတဲ့ ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ကို လေကြောင်းကနေတဆင့် ပေါင် ၅၀၀ ဗုံး ၂ လုံး နဲ့ ကြဲချတိုက်ခိုက်ခဲ့တဲ့ အတွက် ကျောင်းသား/ ကျောင်း သူကလေးငယ် အပါအဝင် ၂္၃ ဦးထိသေဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဒဏ်ရာ ရပြီး အရေးပေါ်ဆေးကုသခံနေရသူတွေ ထဲမှာ စိုးရိမ်ရတဲ့ လူနာတွေရှိနေသေးတယ်လို့ ကျောက်တော် ဒေသခံ တစ်ဦးက ပြောပါတယ်။
“ကျောင်းသားလေးတွေများပါတယ် အခုသေဆုံးတဲ့ အထဲမှာ နောက် ထပ်လည်းစိုးရိမ်ရတဲ့ ကလေးတွေရှိနေပါသေးတယ်။လောလောဆယ်မှာ တော့ ပြောပြစရာစကားမရှိအောင် ရင်ကွဲရပါတယ်”လို့ သူကပြောပါတယ်။
စစ်ကော်မရှင်ဟာ တိုက်ပွဲတစုံတစ်ရာ မရှိတဲ့ ဒီကျောက်တော်မြို့အတွင်းက ကိုယ်ပိုင်အထက်တန်းစာသင်ကျောင်းကို ပြည်သူတွေ သေဆုံးပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တမင် လေကြောင်းဗုံးကြဲတိုက်ခိုက်တာကို လုပ် ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်မှာ တည်ငြိမ်အေးချမ်းစွာ ရှိနေတဲ့ မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အတွက် အရပ် သား ၁၄ ဦးသေဆုံးခဲ့ရပြီးတော့ ဒဏ်ရာရသူ ၂၀ ဦးထိရှိခဲ့တဲ့ ဖြစ်စဥ်တစ်ခုလည်းရှိခဲ့ပါတယ်။
စစ်လော်ဘီတွေကတော့ လက်ရှိကျောက်တော်မြို့ကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ စာသင်ကျောင်းမဟုတ်ဘဲ စစ်သင်တန်းကျောင်းဖြစ်တယ်ဆိုပြီးတော့ ဝါဒဖြန့်ရေးသားတာတွေကို ဆက်တိုက်လုပ်နေတာလည်း တွေ့နေရပါတယ်။