Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု အညွန့်တလူလူတက်နေတဲ့ ရခိုင်မျိုးဆက်သစ်လူငယ်တွေအပေါ် ပြစ်မှုကျူး လွန်သူကို တရားမျှတမှုရအောင်လုပ်ဆောင်မယ်လို့ဆို

အညွန့်တလူလူတက်နေတဲ့ ရခိုင်မျိုးဆက်သစ်လူငယ်တွေအပေါ် ပြစ်မှုကျူး လွန်သူကို တရားမျှတမှုရအောင်လုပ်ဆောင်မယ်လို့ဆို

57
1

Coastal News Agency

အညွန့်တလူလူတက်နေတဲ့ ရခိုင်မျိုးဆက်သစ်လူငယ်တွေ အပေါ် ပြစ်မှုကျူး လွန်ခံရတာ နဲ့ပတ်သက်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေ နဲ့ တတရားမျှတမှုရအောင်လုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်ပြောဆိုလာပါတယ်။

စစ်ကော်မရှင်တပ်ဟာ မနေ့က စက်တင်ဘာလ ၁၂ ရက်နေ့ မနက် ၁ နာရီကျော်မှာ တိုက်ပွဲတစုံတစ်ရာ ဖြစ်ပွားခြင်းမရှိတဲ့ ကျောက်တော်မြို့၊ သရက်တပင်ကျေးရွာအတွင်းက ကိုယ်ပိုင်အထက်တန်းကျောင်း ၂ ကျောင်း ဖြစ်တဲ့ ‘ပညာပန်းခင်း’နဲ့ အမြင်သစ် စာသင်ကျောင်းတွေကို လေကြောင်းကနေတဆင့် ပေါင် ၅၀၀ ဗုံး ၂ လုံး နဲ့ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူ အပါအဝင် ၂၃ ဦးသေ ဆုံးခဲ့ရပြီးတော့ ဒဏ်ရာ ရသူ ၂၀ ကျော်အထိ ရှိခဲ့ရပါတယ်။

အဲဒီလို ပြစ်မှုကျူးလွန်သူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေ နဲ့တရားမျှတမှုကိုချစ်ခင်မြတ်နိုးတဲ့လူပုဂ္ဂို အဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းကာတရားမျှတမှုရအောင် လုပ်ဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။

တဖက်မှာလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် /အာရက္ခတပ်တော် ULA / AA အနေ နဲ့လည်း ပြစ်မှုကျူးလွန်သူတွေ ၊ကျူးလွန်ဖို့ခိုင်းစေသူ နဲ့ ပါဝင်ပတ်သက်တဲ့ သူတွေကိုလည်း ပြင်းပြင်း ထန်ထန်လက်တုံ့ပြန်သွားမယ်လို့ဆိုထားပါတယ်။

နိုင်ငံတဝန်း စစ်ရေးအရှုံးတွေ နဲ့ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်အုပ်စုဟာ ရခိုင်ဒေသ အပါအဝင် မြန်မာနိုင်ငံအနှံ့မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ်တွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုတွေကို နေ့စဥ်ရက်ဆက်ကျူးလွန်နေတာကိုလုပ်ဆောင်နေပါတယ်။

ဒီလိုအရပ်သားတွေအပေါ်မှာ နေ့စဥ်ရက်ဆက် လူသားမျိုးနွယ်အပေါ် စစ်

ရာဇဝတ်မှုတွေကို ကျူး လွန်နေတဲ့ စစ်ကော်မရှင်တပ်ကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေ နဲ့ လက်ပိုက်ကြည့်မနေဘဲ ထိရောက်တဲ့ အရေးယူဆောင် ရွက်မှုတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ အာရက္ခတပ်တော် တိုက်တွန်းထားပါတယ်။

အာရက္ခတပ်တော် အနေ နဲ့လည်း စစ်ကော်မရှင်တပ်တွေရဲ့ လူမဆန်တဲ့ ယုတ် မာပက်စက်တဲ့ လုပ်ရပ်တွေ နဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ အချက်အလက်တွေကို နိုင်ငံတကာ ကိုပေးပို့သွားမယ်လို့ ဆိုထားပါတယ်။

စစ်ရှုံးနေတဲ့ စစ်ကော်မရှင်တပ်တွေဟာ ဂုဏ်သိက္ခာမဲ့စွာ သွေးရူးသွေးတန်း နဲ့ လျှောက်လုပ်နေတဲ့ စစ်ကော် မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြည်သူတွေ အနေ နဲ့ အရင်ကထက် ပိုမိုသတိထားဖို့ လိုအပ်နေတယ်လို့လည်း အာရက္ခတပ်တော်က တိုက်တွန်းပြောဆိုထားပါတယ်။

1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here