နှစ်ပေါင်းဆယ် နဲ့ချီပိတ်ထားခဲ့တဲ့ မောင်တောမြို့အတွင်းက မြို့မဂျာဗလီကြီးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ က မနေ့ကအောက်တိုဘာလ ၁၂ ရက်နေ့က ပြန်လည်ဖွင့်လှစ်ကာ ဝတ်ပြုခွင့်ပေးလိုက်ပြီးဖြစ်တယ်လို့ မောင်တောမွတ်ဆလင်အသိုင်းအဝိုင်းက ပြောပါတယ်။
ဒီမောင်တောမြို့ ၊မြို့မဂျာမာဗလီကြီးဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်ပြီးနောက် ပိုင်းမှာ ပိတ်သိမ်းခဲ့တာဖြစ်ပြီးတော့ စစ်ကော်မရှင်လက်ထဲကနေ မောင်တောင်မြို့တစ်ခုလုံးကို အာရက္ခတပ်တော်ကသိမ်းပိုက်ရရှိပြီးနောက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးက အုပ်ချုပ်မှုအောက်မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာလည်းဖြစ်ပါတယ်။
အခုလို မွတ်လဆင်လူမျိုးတွေ အထွဋ်အမြတ်ထားရာ မြို့မဂျာမာဗလီကြီးကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ အနေ နဲ့ ပြန်လည်ဖွင့်လှစ်ပေးခဲ့တဲ့ အတွက် အထူဝမ်းမြောက်မိတယ်လို့ မွတ်ဆလင်ရေးရာ ကောင်စီဝင်တစ်ဦးက အခုလို ပြောပါတယ်။
“ကျနော်တို့အတွက် အထွဋ်အမြတ်ထားရာ ဒီဗလီကြီးမှာ ပြန်လည် ဝတ်ပြုခွင့်ရလို့ အရမ်းပဲ ဝမ်းသာမိတယ်။နှစ်ပေါင်းဆယ်ချီ ဝတ်ပြုသံတွေ နဲ့ ကင်းဝေးနေတဲ့ ဒီဗလီကြီး အခုတော့ ဝတ်ပြုသံတွေ နဲ့ ပြန်လည်ထွက်ပေါ်လာအောင် လုပ်ပေးတဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ကျေးဇူးတင်တယ်”လို့ သူကပြောပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ သူတို့အုပ်ချုပ်မှု အောက်မှာရှိနေပြီးဖြစ်တဲ့ ရခိုင်က မြို့နယ် ၁၄ ခုထဲမှာ နေထိုင်နေကြတဲ့ ပြည်သူအချင်းအချင်း လူမှုသဟာဇာတရှိရေးကို အလေးထားကာ အုပ်ချုပ်မှု စနစ်ကို ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။





Your article helped me a lot, is there any more related content? Thanks! https://accounts.binance.com/lv/register?ref=SMUBFN5I
Thanks for sharing. I read many of your blog posts, cool, your blog is very good. https://www.binance.com/pt-PT/register?ref=KDN7HDOR