ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့ မနက် ၁ နာရီကျော်က တိုက်ပွဲတစ်စုံ တရာတစ်ရာ ဖြစ်ပွါးခြင်းမရှိဘဲ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသူကျောင်းသား အစုလိုက် အပြုံလိုက် သေဆုံးမှု ဖြစ်ပွါးခဲ့တဲ့ ကျောက်တော်မြို့ ၊သရက်တပင်ရွာ ကိုယ်ပိုင် အထက်တန်းကျောင်း ၂ ကျောင်းဗုံးကြဲတိုက်ခိုက်ခံရမှု နဲ့ ပတ်ပြီး စစ်ကော်မရှင်ကို ICC မှာတရားစွဲဖို့ လိုအပ်တယ်လို့ အာဆီယံလွှတ်တော်ကိုယ်စားလှယ်များလူ့အခွင့်အရေးအဖွဲ့ – APHR ကတောင်းဆိုလိုက်ပါတယ်။
ဒီတောင်းဆိုချက်ကိုအာဆီယံလွှတ်တော်ကိုယ်စားလှယ်များလူ့အခွင့်အရေးအဖွဲ့ – APHR က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ တောင်းဆိုလိုက်တာဖြစ်ပြီးတော့ အဲဒီဖြစ်စဉ်အတွင်းမှာ အပြစ်မဲ့ ကျောင်းသူ/ကျောင်းသား အပါအဝင် ၂၃ ဦး သေဆုံးခဲ့ရပြီးတော့ ၂၂ ဦးအပြင်းအထန်ထိခိုက်ဒဏ်ရာ ရခဲ့ရတာလည်းဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ ကျောက်တော်မြို့၊သရက်တပင်ကျေးရွာ အတွင်းက ပညာပန်းခင်း နဲ့ အမြင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်းတွင်းမှာ ရှိနေတဲ့ ကျောင်းသူ/ကျောင်းသား အများအပြား အိပ်စက်နေတဲ့ အချိန်မှာ ရည်ရွယ်ချက်ရှိရှိ နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ APHR မှကဆိုထားပါတယ်။

APHR ဥက္ကဌ (Mercy Chriesty Barends)မာစီခရစ္စတီဘာရန်ဒစ်က အာဆီယံဒေသတွင်းက ပါလီမန်ကိုယ်စားလှယ်တွေ အနေ နဲ့ စစ်ကော်မရှင်က အရပ်သားတွေကို တရားမဲ့အတိုင်းတိုက်ခိုက်သတ်ဖြတ်နေတာကို မျက်ကွယ်မပြုထားဘဲ နဲ့ မြန်မာပြည်သူတွေကို ကာကွယ်နိုင်ဖို့ အတွက် နိုင်ငံတကာက အမြန်ဆုံးအရေးယူဆောင်ရွက်တာတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ လည်းဆိုထားပါတယ်။
“ဒီတိုက်ခိုက်မှုဟာ ကလေးတွေ နဲ့ ပြည်သူတွေကို တိုက်ရိုက်ညွန်ပြတဲ့ တိုက်ခိုက်မှုမျိုးဖြစ်တယ်။အကြံအစည်ဆိုးဆိုးရွားရွား အကြမ်းဖက်မှုမျိူးဖြစ်တယ်။ စစ်ကော်မရှင်ဟာ ကျောင်းတွေ နဲ့ အိမ်တွေကို ဗုံးကြဲတိုက်ခိုက်တာဟာ လူသားဘဝတန်ဖိုး နဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ပြသနေတာဖြစ်တယ်”လို့လည်း APHR ဥက္ကဌ (Mercy Chriesty Barends)မာစီခရစ္စတီဘာရန်ဒစ်ကဆိုထားပါတယ်။
ဒီလို စစ်ကော်မရှင် က အရပ်သားပြည်သူတွေ အပေါ်မှာ ရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်မှု လုပ်နေတာတွေကို ရပ်တန့်နိုင်ဖို့ လေယာဉ်ဆီတင်သွင်းနေမှု နဲ့ စစ်လက်နက်ပစ္စည်းထောက်ပံ့နေမှုတွေကို နိုင်ငံတကာ အနေ နဲ့ အရေးယူပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့လိုအပ်နေသလို ဒီလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေကို လူသားချင်းစာနာ ထောက်ထားရေး အထောက်အပံ့တွေ ပေးဖို့လိုအပ်တယ်လို့လည်း APHR ကတောင်းဆိုထားပါတယ်။



စစ်ကော်မရှင်ဟာ ရခိုင်မှာ အခုလို အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွါးအောင် လေကြောင်းတိုက်ခိုက်မှုမျိုး ၂၀၂၅ ခု တစ်နှစ်တည်း မှာ ဖြစ်စဉ် ၅ ခုထက်မနည်းကို လုပ်ဆောင်ခဲ့တာလည်း ရှိခဲ့ပါတယ်။
ဒီလိုဖြစ်စဉ်မျိုးတွေကတော့ ဩဂုတ်လ ၂၅ ရက်နေ့ကစစ်ကော်မရှင် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ မြောက်ဦးမြို့ ၊ဒိုင်းကျီရပ်ကွက်က အလှူလုပ်နေတဲ့ နေအိမ် ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကလေးငယ် ၅ ဦးအပါအဝင် အရပ်သား ၁၅ ဦးအထိ အစုလိုက်အပြုံလိုက် သေဆုံးတာရှိခဲ့ရပြီးတော့ ဒဏ်ရာရ ပြည်သူ ၁၇ ဦးထိရှိခဲ့ဖြစ်စဉ်တစ်ခု ရှိသလို မေလ ၁၄ ရက်နေ့ နဲ့ ၁၅ ရက်နေ့တွေမှာလည်း ကျောက်တော်မြို့နယ် အတွင်းက ရွာမရပ်ကွက်ကို ၂ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အတွက် သေဆုံးသူ ၈ ဦး နဲ့ ဒဏ်ရာရသူ ၁၄ ဦးထိ ရှိခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။
ဒါ့အပြင် မေလ ၁၃ ရက်နေ့မှာလည်း ရသေ့တောင်မြို့နယ်အတွင်းက ထွန်းရဝေကျေးရွာဟောင်းကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ အတွက်အပြစ်မဲ့ အရပ်သား ၁၂ ဦးသေဆုံးခဲ့ရပြီးတော့ ၂၃ ဦးထိဒဏ်ရာ ရတဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့သလို ဇန်နဝါရီလ အတွင်းကလည်း တိုက်ပွဲအတွင်းဖမ်းဆီးရမိထားတဲ့ စစ်ကော်မရှင်တပ်တွေရဲ့ စစ်သုံ့ပန်းတွေ နဲ့ စစ်သုံးပန်းမိသားစုဝင်တွေကို ထားရှိထားတဲ့ မြောက်ဦးမြို့ ရမ်းသစ်ကျေးရွာ အနီးကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့တဲ့ အတွက် သုံ့ပန်းမိသားစုဝင် ကလေးငယ်အပါအဝင် ၂၈ ဦးထိ သေဆုံးခဲ့ရပြီးတော့ ဒဏ်ရာရသူ ၂၅ ဦးထိ ရှိခဲ့တဲ့ ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ပါသေးတယ်။
အဲဒီလိုဘဲ ၂၀၂၅ ခုနှစ် လအစပိုင်းဖြစ်တဲ့ ဇန်နဝါရီလ ၈ ရက်နေ့မှာလည်း စစ်ကော်မရှင်က ရမ်းဗြဲမြို့နယ် ကျောက် နီမော်ကျေးရွားကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် သေဆုံးသူ အရပ်သား ၂၆ ဦး နဲ့ ဒဏ်ရာရသူ ၁၂ ဦးထံ ရှိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။




It’s difficult to find experienced people on this topic, however,
you seem like you know what you’re talking about! Thanks
ku2c1g
**mitolyn official**
Mitolyn is a carefully developed, plant-based formula created to help support metabolic efficiency and encourage healthy, lasting weight management.