ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဌ အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဟာ မောင်တောက မွတ်ဆလင်အသိုင်းအဝိုင်းတွေ နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ တွေ့ဆုံခဲ့ကြတယ်လို့ အာရက္ခတပ်တော် လက်အော်ခံမီဒီယာ တစ်ခု ဖြစ်တဲ့ APM ထုတ်ပြန်လာချက်အရ သိရပါတယ်။
ဒီတွေ့ဆုံမှုကို ဩဂုတ်လ ၃၀ ရက်နေ့မှာ တွေ့ဆုံခဲ့တာဖြစ်ပြီးတော့ ဒီတွေ့ဆုံမှု အတွင်းမှာ နှစ်ပေါင်းဆယ်ချီ ပိတ်ထားခဲ့တဲ့ မောင်တောမြို့ မြို့မဂျာဗလီကြီးကို ပြန်လည်ဖွင့်ပေးဖို့ မွတ်ဆလင်တွေက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဌ အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကို တင်ပြတောင်းဆိုတာတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။



အဲဒီနောက် အောက်တိုဘာလ ၁၂ ရက်နေ့မှာတော့ မြို့မဂျာဗလီကြီး ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြန်လည်ဖွင့်လှစ်ပေးခဲ့တာလည်းဖြစ်ပြီးတော့ အခုလို ဗလီကြီးကို ပြန်လည်ဖွင့်ပေးတဲ့ အပေါ်မှာလည်း အထူးကျေး ဇူးတင်တယ်လို့ မွတ်ဆလင်အသိုင်းအဝိုင်က ဆိုပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဌ အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရောက်ရှိလာမှု နဲ့ ပတ်သက်ပြီး မြေပြင်မှာ ရှိနေတဲ့ သတင်း ထောက်တစ်ဦးပြောဆိုတာက“ဟုတ်ပါတယ် သြဂုတ်လထဲမှာ မောင်တောက မွတ်ဆလင်တွေ နဲ့ ဗိုလ်ချုပ်တို့တွေ့ဆုံတာ ရှိခဲ့ပါတယ် ဒါပေမယ့် တော်တော် များများကတော့ ဒီအကြောင်းကို ထုတ်ဖော်ပြောခဲ့တာမရှိခဲ့ပါဘူး။အခုကတော့ APM ကိုယ်တိုင်က ထုတ်ပြန်လာတာတွေ့ရတာဖြစ်တယ်”လို့ သူကပြောပါတယ်။



ပုံ – APM