ဒီနေ့မနက် ၇ နာရီကျော်မှာ စစ်ကော်မရှင်က လေကြောင်းကနေတဆင့် မိုးကုတ်မြိုအရှေ့ပိုင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် အမျိုးသမီး(၁)ဦး ထိမှန်ဒဏ်ရာရရှိခဲံရပြီးတော့ နေအိမ် (၅)ဆောင် နဲ့ ကားတစ်စီးဟာလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ရတယ်လို့ TNLA က သတင်းထုတ်ပြန်လာပါတယ်။
စစ်ကော်မရှင်ဟာ မိုးကုတ်မြိုအရှေ့ပိုင်းကို ပေါင် (၂၅၀)ဗုံး (၂)လုံး နဲ့ လာရောက်ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာ(၉)ရက်နေ့ကလည်း စစ်ကော်မရှင်ဟာ ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းအုပ်စု လွယ်ခေါ်ကျေးရွာကို ပေါင်(၂၅၀)ဗုံး (၃)လုံး နဲ့ အသေခံဒရုန်းအသုံးပြုပြီး ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့ အတွက် ပြည်သူတွေရဲ့ လယ်ယာစပါးခင်းတွေ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့ရပါသေးတယ်။
စစ်ကော်မရှင်ဟာ ဒီစက်တင်ဘာလ အတွင်းမှာ ကျောက်မဲမြို့ကို(၃) ကြိမ်၊ သီပေါမြို့ နယ်ကို (၁)ကြိမ် လေကြောင်းတိုက်ခိုက်တာလုပ်ခဲ့တာရှိခဲ့တဲ့ အတွက် အမျိုးသား(၁)ဦး၊ အမျိုးသမီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ နေအိမ် (၁၂)ဆောင် နဲ့ စာသင်ကျောင်း(၁)ကျောင်းဟာလည်း ဗုံးစထိမှန်ပျက်စီးတာရှိခဲ့ပါတယ်။
ဒီလို အပြစ်မဲ့ အရပ်သားတွေ ရှိတဲ့ နေရာတွေကို စစ်မရှင်က လေကြောင်းတိုက်ခိုက်တာ မကြာခဏ လုပ်လေ့ ရှိတဲ့ အတွက် ပြည်သူတွေ အနေ နဲ့ လေကြောင်းရန်ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့ လိုအပ်သလို လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကိုလည်း လိုက်နာဆောင်ရွက်ဖို့ကို TNLA ကတိုက်တွန်းထားပါတယ်။
ပုံ/စာ – TNLA




